Chapter - 44

4.6K 746 25
                                    

|| Unicode ||

ရှန်းရှီမှာ ဒါရိုက်တာနဲ့စကားပြောနေသော ချိုးကျင်းအား ကြည့်နေရင်း စိတ်မပါတပါနဲ့ လာရာလမ်းအတိုင်း လှည့်ပြန်မိတော့သည်။

ချိုးကျင်းရဲ့သရုပ်ဆောင်နိုင်စွမ်းက ဒီလောက်အထိ မြင့်နေမယ်လို့ သူမထင်ထားခဲ့ပေ။ ပြီးတော့ သူကတောင်မှ တစ်ဖက်လူရဲ့သရုပ်ဆောင်မှုအောက်မှာ လွှမ်းမိုးခံခဲ့ရကာ ကိုယ့်ကိုယ်ကိုတောင် မှေးမှိန်သွားသလို ခံစားခဲ့ရသည်။

'ကမ္ဘာကြီးရဲ့ နိဒါန်းနဲ့နိဂုံး'ရုပ်ရှင်မှာ အဖွဲ့လိုက်သရုပ်ဆောင်ရသည့် ရုပ်ရှင်မျိုးဖြစ်ကာ တစ်ယောက်ချင်းစီရဲ့ ကာရိုက်တာတွေကလည်း အမျိုးမျိုး ကွဲပြားလေသည်။ ကျိတုန်ကွမ်းဇာတ်ကောင်က အဓိကဇာတ်ကောင်ဖြစ်လာသည့် အကြောင်းအရင်းမှာ တခြားလူတွေထက် ဇာတ်ဝင်ခန်းများကာ ဇာတ်လမ်းရဲ့အဓိကကျောရိုးနဲ့ ဆက်စပ်နေသော လူတစ်ယောက်ဖြစ်တာကြောင့် ဖြစ်သည်။ ထိုအချက်ကလွဲရင် သူ့ဇာတ်ကောင်မှာ အခြားအရံဇာတ်ကောင်တွေလောက်ပင် အထင်ကြီးစရာ ဇာတ်ဝင်ခန်းမျိုး မရှိပေ........

ပြီးတော့ လက်စားချေတဲ့ ဇာတ်လမ်းမျိုးကလည်း ‌ခေတ်နောက်ကျနေပြီဖြစ်ပြီး ပရိသတ်တွေကလည်း ငြီးငွေ့နေကြလောက်ပြီပင်။ အခုရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်သူများထဲတွင် သူ့ထက်ပိုထူးချွန်တဲ့ သရုပ်ဆောင်တွေမှ အများကြီးပင်.....

ဥပမာအနေနဲ့ ကျိဟယ်က မိန်းကလေးအနေနဲ့ ဟန်ဆောင်ခဲ့ရတာကို မုန်းတီးခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ကိုယ်သူ ယောင်္ကျားလေးဆိုတာကို ထုတ်ဖော်ခဲ့လေသည်။ အဲ့ဒါကြောင့်ပဲ ယောင်္ကျားလေးချင်း လိင်မှုကိစ္စ ပြုလုပ်တဲ့အခန်းတွေလည်း ပါဝင်လာခဲ့သည်။

ပြီးတော့ ကျန်းချုံးဇီ သရုပ်ဆောင်သွားမယ့် ကျိမိဖုရားဇာတ်ကောင်မှာလည်း ဉာဏ်ပညာကြီးမားပေမယ့် ကျိုးကြောင်းသင့် စဉ်းစားတာမျိုးတော့ မရှိခဲ့ပေ။ သူမက တဏှာရာဂကြီးမားတဲ့ သူမရဲ့ခင်ပွန်းကို ကိုယ်တိုင်သတ်ပစ်ခဲ့ပြီး သူမကိုယ်တိုင်ပဲ အုပ်ချုပ်မင်းလုပ်ခဲ့သည်။

ကျန်းမင်သရုပ်ဆောင်သွားမယ့် ကျန်းကျဲ့ဆိုသော ဇာတ်ကောင်ကလည်း ဒေါသကြီးသောစိတ်ထားရှိကာ မာနကြီးသည့်အယ်လ်ဖာတစ်ယောက်ဖြစ်သည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now