Ch-201

954 103 0
                                    

Paid Gp စဆုံးပြီး

အခန်း(၂၀၁) - တစ်ခုခုပေါက်ကွဲသွားသလို သူမရဲ့ကမ္ဘာကို အမှောင်ထုကြီး ဝန်းရံသွားခဲ့သည် (၂)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ဖန့်ကျွင်းရုံသည် သူမကို တောက်ပစွာ ပြုံးရယ်ပြလိုက်သည်။ "ကောင်းသားပဲ။ ပျော်စရာကောင်းအောင် ကျောက်အရိုင်းတုံးအနည်းငယ်လောက်ကို ခွဲကြည့်ကြရအောင်။"

ထို့နောက် သူမက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ကျောက်အရိုင်းတုံးချည်းပဲ ခွဲကြည့်ရမှာက ပျင်းစရာကောင်းတယ်။ ငါတို့ ဘာလို့ လောင်းကြေးမထပ်ကြည့်ရမှာလဲ။"

ပိုင်ရှစ်ယွင်သည် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် မကောင်းသော စိတ်ခံစားချက်တစ်ခု ရရှိလိုက်သည်။ ဖန့်ကျွင်းရုံကိုကြည့်ရတာ အရမ်းယုံကြည်ချက်ရှိနေပုံပဲ။ ဘာကြောင့် သူမကိုယ်သူမ အရမ်းယုံကြည်မှုရှိနေရတာလဲ။

မည်သို့ပင်ဆိုစေကာမူ သူမဘေးတွင် ရပ်နေသော ကျွမ်းကျင်သူများကို တစ်ချက်ကြည့်လိုက်ပြီး သူမ စိုးရိမ်နေစရာမလိုကြောင်း ခံစားလိုက်ရပြန်သည်။ သူမက ပြောလိုက်သည်။ "ကောင်းတာပေါ့။ ငါတို့ ဘယ်လောက် လောင်းကြေးထပ်မလဲ။"

ဖန့်ကျွင်းရုံက ပေါ့ပေါးပါးပါး ပြောလိုက်သည်။ "ယွမ် ၂ မီလီယံလောက်ဆိုရင်ရော ဘယ်လိုလဲ။"

ဒီလောက်ငွေပမာဏသည် ရှင်းယွင်နှင့် ကျုံးရီအတွက် ဆုပေးသည့် ငွေကြေးပမာဏလောက်သာ ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးသည် သူတို့နောက်ဆုံးဖြေဆိုခဲ့ရသည့် စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ကြသည်။

ထိုငွေပမာဏသည် ပိုင်ရှစ်ယွင်ကို အနည်းငယ် နာကျင်စေနိုင်သော်လည်း သူမ တတ်နိုင်သည့် ပမာဏအတွင်းမှာပင်ဖြစ်သည်။ မဟုတ်ဘူး။ ခဏနေပါဦး။ သူမက ဘာလို့ နာကျင်ရမှာလဲ။ သေချာပေါက် သူမ ရှုံးနိမ့်မှာ မဟုတ်ဘူး။ သူမသာလျှင် ဒီငွေကြေးကို အနိုင်ရရှိသူ ဖြစ်လိမ့်မည်။

သူမသည် စျေးအကြီးဆုံး ကျောက်အရိုင်းတုံး သုံးတုံးကို ဖြတ်တောက်ရန် ‌ရွေးထုတ်လိုက်သည်။ ထို့နောက် သူမသည် ဖန့်ကျွင်းရုံကို ကြည့်လိုက်ရာ ဖန့်ကျွင်းရုံသည် သူမကျောက်အရိုင်းတုံးများထဲမှ သုံးတုံးကို ကြုံရာကျပမ်း ရွေးချယ်လိုက်ပုံရသည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now