Ch-244

510 69 0
                                    

Unicode

အခန်း (၂၄၄) – "ငါ့မှာ တူမတစ်ယောက်ရှိမှန်း ငါက ဘာလို့မသိရတာလဲ" (၁)

ဖန့်ကျင်းရုံသည် အိတ်စ်နိုင်ငံမှာ အချိန်ကာလ နှစ်ပတ်ကြာ နေထိုင်ခဲ့ပြီး ဝိုင်မြို့တော်သို့ မထွက်ခွာခင် မာတီရာအား နှုတ်ဆက်စကားပြောဆိုခဲ့သည်။

သူမရဲ့ ယခင်အတွေ့အကြုံအရ၊ ယခုတစ်ကြိမ်တွင် မာတီရာ၏ အကူအညီမပါပဲ အင်တာဗျုး ဖြေကြားနေရသည်။ အမေးအဖြေကဏ္ဍသည် သူမကို ကူညီပေးမည့် မာတီရာ မပါဝင်သောကြောင့် ပို၍ ပြင်းထန်သည်။ သူမရဲ့ သံသယစိတ်ခံစားချက်ကို မျိုသိပ်ကာ ခပ်ဖွဖွ ပြုံးရင်း ဖန့်ကျွင်းရုံသည် သူမ ဤကဲ့သို့ အခြေအနေမျိုးကို အလွန်ရင်းနှီးကျွမ်းဝင်သလို ပြုမူခဲ့သည်။

"ဖန့်၊ မင်းသားဂျက်ကရော မင်းရဲ့ အမာခံ ပရိတ်သတ်ဆိုတာ မင်း သိလား။"

"သိပ်မကြာသေးခင်က သူ့ဆံပင်တွေ ပြန်ပေါက်လာတာက တကယ်ပဲ မင်းတို့ထုတ်ကုန်ရဲ့ အကျိုးအာနိသင်ကြောင့်လား။"

"မင်းသားဂျက်က မင်းကို လက်ထပ်ခွင့်တောင်းဖို့ စီစဥ်နေတယ် ဆိုတဲ့ ကောလဟလတွေ ထွက်ရှိနေပါတယ်၊ အဲ့တာက အမှန်လား။"

ဖန့်ကျွင်းရုံရဲ့ အတွေးဝယ် မေးခွန်းများစွာ ထွက်ပေါ်လာခဲ့သည်။

ဖန့်ကျွင်းရုံ"? ? ? ?"

ခဏလေး၊ ဘာလဲ၊ ဘာဖြစ်သွားတာလဲ။

သူမရဲ့ ဦးနှောက်ဟာ ရုတ်တရတ် မေးခွန်းအမှတ်အသားများစွာဖြင့် ပြည့်နှက်သွားသော်လည်း သူမ မျက်နှာပေါ်တွင် မည်သည့် အမူအရာကိုမျှ မပြသခဲ့ပေ။ ဖန့်ကျွင်းရုံဟာ ဒီနေ့ရဲ့ သတင်းစာရှင်းလင်းပွဲ ခေါင်းစဥ်ဆီသို့ ပေါ့ပေါ့ပါးပါး ပြန်ဆွဲခေါ်ခဲ့သည်။ မသက်ဆိုင်သည့် မေးခွန်းတွေ ဘယ်လောက်ပဲ မေးမြန်းခဲ့ပါစေ၊ သူမသည် တူညီသော မဟာဗျူဟာကိုသာ အသုံးပြုခဲ့သည်။

သူမရဲ့ သတင်းစာရှင်းလင်းပွဲပြီး စင်ပေါ်မှ ဆင်းပြီးနောက်တွင် ကျန်းသဲ့ရှန်းက ချက်ချင်းပင် သူမကို ပြောလာခဲ့သည်၊ "မင်းသားဂျက်က မကြာသေးမီက ရသစုံရှိုးတစ်ခု ပါဝင်ခဲ့ပြီး ရှိုးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကြိုတင်အသိပေးထားခြင်း မရှိပဲ သူ့အိတ်ထဲက ပစ္စည်းတွေကို စစ်ဆေးကြည့်တဲ့အခါမှာ ဒါကို မြင်တွေ့သွားခဲ့တာပဲ ဖြစ်တယ်။ ဒါက ရုတ်တရတ် ဖြစ်သွားခဲ့တာဖြစ်ပြီး သူတို့က သူ့လက်ဆွဲသေတ္တာထဲမှာလည်း ဆံပင်ကြီးထွားဆေးခရင်မ်နှစ်ဗူးကို ရှာတွေ့ခဲ့ကြတယ်..."

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now