Ch-227

577 88 1
                                    

အခန်း (၂၂၇) – "ရှင့်လိုလူမျိုးက ကျွန်မရဲ့ ဖိနပ်သယ်ပေးဖို့တောင် မထိုက်တန်ဘူး" (၂)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

နောက်တစ်နေ့ရောက်တော့ ကျန်းယာ့ကောက သူမကိုယ်သူမ လှလှပပ ဝတ်စားဆင်ယင်ထားသည်။ ဖန့်ကြွယ်မင်နဲ့ တွဲပြီးနောက် သူမသည် နူးညံ့သိမ်မွေ့သော မိန်းကလေးအဖြစ်သို့ ပြန်ရောက်သွားခဲ့သည်။ ဖန့်ကြွယ်မင်သည် အစားအသောက်နှင့် အခြားပစ္စည်းနှင့် ပတ်သက်လျှင် သူမကို အမြဲရက်ရောခဲ့သည်။

ချိန်းဆိုထားသည့်အချိန်တွင် သူမသည် ကျန်းပိထံမှ ဖုန်းခေါ်ဆိုမှု လက်ခံရရှိခဲ့ပြီး သူ့အတွက် တံခါးဖွင့်ပေးခဲ့သည်။

ကျန်းယာ့ကောသည် တံခါးကို အလျင်အမြန် ဖွင့်လိုက်သောအခါတွင် မျက်စောင်းထိုးမှ အခန်းရှေ့တွင် ရပ်နေသော ကျန်းပိကို မြင်လိုက်ရသည်။ သူမ ကိုယ့်ကိုယ်ကို ခေါင်းခေါက်လိုက်မိသည်။ လီရှစ်ကျီနဲ့ လမ်းခွဲလိုက်တဲ့အကြောင်းကို သူ့ကိုပြောဖို့ သူမ မေ့နေခဲ့တာပဲ။

"ကျန်းပိ" ကျန်းယာ့ကောသည် သူမရဲ့ ပုံမှန်လို ချစ်စဖွယ်ကောင်းပြီး နူးညံ့သော အသံလေးဖြင့် အော်ခေါ်လိုက်သည်။

ကျန်းပိသည် အံ့သြတကြီး မျက်ခုံးပင့်လိုက်မိသည်။ "မင်းနဲ့ လီရှစ်ကျီတို့ အိမ်ပြောင်းလိုက်တာလား။" ပြီးတော့ အဆောက်အအုံတစ်ခုတည်းက ဘေးအခန်းကို ပြောင်းရွှေ့လိုက်တာလား။ ဒီလိုကိစ္စမျိုးကို ဘယ်သူက ပြုလုပ်မှာတဲ့လဲ။

ကျန်းယာ့ကောရဲ့ အမူအရာသည် အနည်းငယ် တောင့်တင်းသွားသည်။ ကျန်းယာ့ကောသည် သူမရဲ့ မျက်နှာပေါ်တွင် ဝမ်းနည်းပြီး နာကျင်မှုတွေ ရောယှက်နေတဲ့ အမူအရာကို ဆင်မြန်းထားခဲ့သည်။ "ကျွန်မ ရှစ်ကျီနဲ့ လမ်းခွဲလိုက်ပြီ" သူမရဲ့ မျက်တောင်မွှေးများပေါ်တွင် မျက်ရည်များ စိုလူးနေပြီး သူမကို မြင်ရတာ အရမ်းသနားဖို့ ကောင်းနေခဲ့သည်။

ကျန်းပိ အံ့အားသင့်သွားသည်။ သူသည် လီရှစ်ကျီအတွက်ကြောင့်သာ ကျန်းယာ့ကောနှင့် ဆက်ဆံရေးကောင်းကို ထိန်းသိမ်းထားတာ ဖြစ်သည်။ လွန်ခဲ့သော လအနည်းငယ်အတွင်း သူ့ရဲ့စမ်းသပ်ချက်များ မတိုးတက်လာသည့်အခါ လီရှစ်ကျီရဲ့ တည်ရှိမှုသည် သူ့အတွက် ပိုအရေးကြီးလာခဲ့သည်။ သူ့မျက်နှာပေါ်မှ တည်ကြည်နေသော အပြုံးဟာ ပျောက်ကွယ်သွားပြီး ပိုအရိုင်းဆန်လာခဲ့သည်။ "မင်းတို့ ဘာဖြစ်လို့ လမ်းခွဲလိုက်တာလဲ။ မင်းတို့နှစ်ယောက် ရန်ဖြစ်ခဲ့ကြတာလား။"

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now