Ch-215

790 94 1
                                    

အခန်း (၂၁၅) – "ရုပ်ရှင်ဧကရာဇ်ဖန့်ကြွယ်မင်က မင်းအဒေါ်အဖြစ် ဘယ်တုန်းစပြီး ဖြစ်သွားခဲ့ရတာလဲ" (၁)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

သူတို့ကိုယ်သူတို့ စာနာစိတ်မြင့်မားတဲ့နေရာမှာ အလိုအလျောက် နေရာယူထားတဲ့သူတွေက သူမကို ကုန်းယိလင်းအား ခွင့်လွှတ်ပေးသင့်ကြောင်း လာပြောတဲ့အခါတိုင်း သူမက သူတို့ကို လျစ်လျူရှုထားလိုက်သည်။ ကုန်းယိလင်းက သူမကို ပြဿနာလာရှာမိတာ သူ့အမှားပဲ။ အကယ်၍ သူမနေရာမှာ အခြားတစ်ယောက်သာဆိုရင် သူ့မိသားစုက သူ့သားဖြစ်သူရဲ့ လုပ်ရပ်အတွက် ငွေဖြင့် ဖြေရှင်းပေးကြလိမ့်မည်။ သူက အမှားတစ်ခုကို ပြုလုပ်ခဲ့ပြီး သူ့လုပ်ရပ်ရဲ့ အကျိုးဆက်များအတွက် ပြင်ဆင်ထားသင့်သည်။ သူက သူ့မိသားစုကို ချမ်းသာကြွယ်ဝတယ်လို့ ယူဆသောကြောင့် သူ့စိတ်ထင်တိုင်း လုပ်ခဲ့သည်။

သူ အခုရရှိသည့် ဖြစ်ရပ်များမှ သင်ခန်းစာကို မယူနိုင်ခဲ့ပါက အနာဂတ်မှာ အခြားသူတွေကို ပိုပြီး ဒုက္ခပေးတဲ့လူတစ်ယောက် ဖြစ်လာပါလိမ့်မည်။ အမှန်တိုင်းပြောရရင် ကုန်းယိလင်းက သူ လုပ်ခဲ့တာတွေအတွက် နောင်တမရဘူး၊ သူက သူမကို အားနည်းသူတစ်ယောက်လို့ အထင်မှားပြီး ပြဿနာရှာလိုက်မိတဲ့အတွက်သာ နောင်တနေတယ်လို့ပြောရင် မမှားနိုင်ဘူး။

သူတို့တွေက ဒီကိစ္စကို အသေးအဖွဲလို့ဆိုကာ ခွင့်လွှတ်ပေးစေချင်ပေမယ့် သူမကတော့ ဘယ်လိုမှ ခွင့်လွှတ်မပေးနိုင်ဘူး။

လီရှင်းယွင်က သူမရဲ့ စကားပြောခန်းကို ပိတ်ကာ အခန်းအပြင်သို့ လမ်းလျှောက်ထွက်သွားခဲ့သည်။ သူမက နှာခေါင်းတစ်ချက်ရှုံ့ပြီး ပြုံးရယ်လိုက်သည်။ "ဒီအနံ့လေးက အရမ်းအံ့သြဖို့ကောင်းတာပဲ။ ဒါလေးက ဘာလေးများလဲ။"

ဆိုဖာပေါ်တွင် ထိုင်နေသော ကျုံးရီသည် သူမကို လှမ်းကြည့်ပြီး အပြုံးလေးဖြင့် လှမ်းခေါ်လိုက်သည်။ "လာ... ငါ့အဖွားရဲ့လက်ရာ ကမာကြော်ကို မြန်မြန်လာပြီး မြည်းစမ်းကြည့်။ သူမလက်ရာက စားသောက်ဆိုင်က လက်ရာတွေထက် ပိုကောင်းတယ်။"

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now