Ch-212

815 106 0
                                    

အခန်း (၂၁၂) "သူမသည် မိန်ဖန့်ရဲ့ ဘော့စ် ဖန့်ကျွင်းရုံ၏ သမီး ဖြစ်သည်" (၁)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

သို့သော် သူ အချိန်အကြာကြီး မပျော်ရွှင်ခဲ့ရပေ။ ဖန့်ကျွင်းရုံ၏ ဝေ့ပေါ်တွင် တင်လိုက်သော ပို့စ်အနည်းငယ်က သူ့အား ရေခဲရေပုံးလိုက်ဖြင့် အလောင်းခံလိုက်ရသလို ခံစားသွားစေခဲ့သည်။ ထိုဇိမ်ခံကားသည် ဖန့်ကျွင်းရုံအပိုင်ဖြစ်ပြီး ထိုမိန်းကလေးနှစ်ဦးဟာ သူမရဲ့သမီးတွေ ဖြစ်ကြသည်။ အင်တာနက်ပေါ်မှ နာမည်ကျော်ကြားသူတစ်ဦး အနေဖြင့် သူသည် ဖန့်ကျွင်းရုံရဲ့ ဝိသေသလက္ခဏာကို မလွှမ်းမိုးနိုင်ကြောင်း သူ ကောင်းကောင်းသိနားလည်သည်။

အရာအားလုံးက အလျင်အမြန် ဖြစ်ပျက်သွားခဲ့တော့ သူ့မှာ ပြင်ဆင်ဖို့ အချိန်အနည်းငယ်တောင် မရှိတော့ဘူး။ ဖန့်ကျွင်းရုံ၏ ရှေ့နေအဖွဲ့သည် သူ့ထံသို့ တရားစွဲဆိုထားသည့် စာတစ်စောင်ကို ပေးပို့ခဲ့ပြီး သူ့အား တရားရုံး၌ တရားစွဲဆိုဖို့ ရည်ရွယ်ထားကြောင်း အခိုင်အမာ ‌ဖော်ပြခဲ့သည်။

သူတို့က သူ့ကို ပြင်းပြင်းထန်ထန် အရေးယူလာခဲ့ပြီး သူ့စီးပွားရေးကို ပျက်ပြားစေခဲ့တယ်။ ကံဆိုးချင်တော့ သူသည် လူအများ၏ အာရုံကို ဆွဲ‌ဆောင်နိုင်ရန် ရေတပ်ကို ငှားရမ်းအသုံးပြုခဲ့ပြီး သူ့ဆောင်းပါးကို အကြိမ်များစွာ ပြန်လည်မျှဝေစေခဲ့သည်။ သူသည် မိန်းကလေးနှစ်ဦး၏ အထောက်အထားမျာကို ဖော်ထုတ်ခဲ့ပြီး သူမတို့၏ဘဝကို အကြီးအကျယ် ထိခိုက်သွားစေခဲ့သည်။ သူသည် သူ့သူငယ်ချင်းများအား ဖုန်းဆက် အကူအညီ‌တောင်းဖို့ အလုပ်များနေခဲ့သည်။

အဆိုးရွားဆုံး အခြေအနေတွင် ပိုက်ဆံဆုံးရှုံးရုံတင်မကပဲ ထောင်ကျခံရနိုင်သည်ဟု သူ့သူငယ်ချင်းများက သူ့ကို သတိပေးခဲ့သည်။

ကျိုးဝမ်သည် ငယ်ရွယ်သေးပြီး သူ့ရဲ့ဘဝဟာ ယခုမှ စတင်နေတာ ဖြစ်သည်။ သူက ထောင်မကျချင်သလို ပြစ်မှုဆိုင်ရာ မှတ်တမ်းမှတ်ရာများကို မပိုင်ဆိုင်ချင်ဘူး။

သူ့ဘဝကို စုတ်ပြတ်သွားစေသည့် အခကြေးငွေပေးကာ ခိုင်းစေသူအား ဆက်သွယ်ခဲ့ပေမယ့် ကံဆိုးချင်တော့ သူ လုံးဝ ဆက်သွယ်လို့ မရခဲ့ပေ။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now