Ch-242

488 67 0
                                    

Unicode

အခန်း (၂၄၂) - တစ်စုံတစ်ယောက်က ဖန့်ကျွင်းရုံရဲ့ အလှအပဆေးလုံးတွေကို ရောင်းချနေတာလား (၂)
စာရေးသူ - Zhái Miāo (宅喵)
ဘာသာပြန်သူ - No Noe ( Miracle_Phyu97)
အိမ်တွင်းရေး ကိစ္စများကို စီစဥ်ပြီးနောက် ဖန့်ကျွင်းရုံသည် နိုင်ငံခြား ခရီးစဥ်ကို စတင်ထွက်ခွာလာခဲ့သည်။ သူမ အရင်ဆုံး သွားသည့်နေရာမှာ အိတ်စ်နိုင်ငံဖြစ်သည်။ ယခု တစ်ကြိမ်တွင် ကျန်းသဲ့ရှန်းအပြင် လွန်ခဲ့သည့် တစ်နှစ်အကြာက သူမ ထပ်မံ ခန့်အပ်ထားခဲ့သော အခြားလက်ထောက် ယွီဟွိုက်ကျန်းကိုပါ ခေါ်ဆောင်လာခဲ့သည်။ သက်တော်စောင့်တွေကတော့ သူမနှင့် အရင်းနှီးဆုံး နှစ်‌ယောက်ဖြစ်သည့် ကျန်းရှောက်နှင့် လီဟွေ့တို့ပင် ဖြစ်သည်။ လီဟွေ့သည် သူမကို ကာကွယ်ပေးရန်အတွက် အထက်မှ စေလွှတ်လိုက်သော သက်တော်စောင့် ဖြစ်သည်။ ကျန်းရှောက်သည် ကိုယ်ခံပညာတွင် အတော်အတန် တတ်ကျွမ်းသူ ဖြစ်သော်လည်း လီဟွေ့သည် ကျန်းရှောက် သုံးယောက်လောက်ကို အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိသည်။

သူမ ဘေးနားမှာ လီဟွေ့ရှိနေသည့်အတွက် သူမရဲ့ ဘေးကင်းလုံခြုံရေးအဆင့်က အတော်လေး မြင့်တက်လာသည်။

၁၇နာရီကြာ လေယာဥ် အဆင့်ဆင့် စီးနင်းပြီးနောက် ဖန့်ကျွင်းရုံတို့အဖွဲ့သည် နောက်ဆုံးတော့ အိတ်စ်နိုင်ငံရဲ့ မြို့တော် မြို့တော်ဗွီသို့ ရောက်ရှိလာခဲ့သည်။ ကားပတ် သူကောင်းဘွဲ့ရ အမျိုးသမီး မာတီရာသည် သူမတို့အတွက် အရာအားလုံးကို အချိန်မီ စီစဥ်ပေးထားပြီး ဖြစ်ကာ သူတို့အား လေယာဥ်ဆင်းဆင်းချင်း မိနစ်ပိုင်းအတွင်းမှာပင် ရဲတိုက်သို့ ခေါ်ဆောင်သွားခဲ့သည်။ ဖန့်ကျွင်းရုံဟာ ဒီခရီးရှည်ကြီး စီးနင်းလိုက်ပါလာရ၍ ပင်ပန်းနွမ်းနယ်နေတာ မဟုတ်ရင် သူမဟာ ကြိုဆိုနှုတ်ဆက်ပွဲလေးတောင် ကျင်းပချင်ပါသေးသည်။

ဖန့်ကျွင်းရုံသည် သူမရဲ့ ဆိုင်ဖွင့်ပွဲ အခမ်းအနားသို့ မတက်ရောက်မီ သူမရဲ့ လေယာဥ်ချိန်ကို ချိန်ညှိရန် အချိန် နှစ်ရက် ကြာမြင့်ခဲ့သည်။
မာတီရာသည် ဖန့်ကျွင်းရုံနှင့်အတူ အခမ်းအနားသို့ တက်ရောက်ရန် သူမရဲ့ အလုပ်တာဝန်များကိုပင် ရှင်းလင်းထားခဲ့သည်။ သူမသည် အိတ်စ်နိုင်ငံတွင် မျိုးရိုးမြင့်တစ်ဦးဖြစ်ပြီး လူအများနှင့် ဆက်ဆံရေး ကောင်းမွန်သောကြောင့် သူမသည် အိတ်စ်နိုင်ငံတွင် အတော်လေး ရေပန်းစားသည်။ မာတီရာတစ်ယောက် ဒီနေရာမှာ ရှိနေသောကြောင့် မီဒီယာများ၏ အာရုံစိုက်မှုကို အများကြီး ရရှိခဲ့သည်။ မာတီရာသည် သတင်းစာတိုက် တစ်တိုက်ကို ပိုင်ဆိုင်ထားပြီး ဖန့်ကျွင်းရုံရဲ့ ကြော်ငြာများကို အဆွဲဆောင်နိုင်ဆုံးနေရာများတွင် ထားရှိပေးခဲ့သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Onde as histórias ganham vida. Descobre agora