Ch-222

704 95 0
                                    

အခန်း (၂၂၂) – ကျန်းကျစ်ယန်သည် သူ မျှော်လင့်ထားသလိုမျိုး အချိန်အကြာကြီး ပျော်ရွှင်နေရမည် မဟုတ်ပေ (၂)

218L: အိုး... ဒီပို့စ်က မှတ်ချက်တွေ စာမျက်နှာဒါဇင်ချီ တက်လာနိုင်တယ်၊ ဒါက တကယ် မိုက်တာပဲ။

219L: အင်း၊ ငါ ဒီမှာ ထပ်ပြောရရင် "The Real Martia Capet"က တကယ့်ကို Martia Capet အစစ်အမှန်ပါပဲ။ သူမက ဝေ့ပေါ် အထောက်အထား အတည်ပြုခြင်းကို မကြာသေးမီက ပြုလုပ်ခဲ့တယ်။ ဒါ့အပြင် သူမက နိုင်ငံခြားဝက်ဆိုဒ်တစ်ခုမှာ သူမရဲ့ အထောက်အထား စစ်မှန်ကြောင်း ရှင်းလင်းထားတဲ့ ဗီဒီယိုတစ်ခု တင်ထားတယ်။ သူမက ပထမဆုံးအကြိမ် ကိုယ်တိုင်အကောင့်ဖွင့်တာဖြစ်လို့ အလွဲလွဲ အချော်ချော် ဖြစ်သွားခဲ့တယ်လို့ ရှင်းလင်းထားတယ်။ ဒါ့အပြင် သူမရဲ့ ကိုယ်တိုင် ရေးသားထားတဲ့ မှတ်ချက်တွေကို ဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး ဘာမှားနေလို့လဲလို့ ရှင်းလင်းချက်ထုတ်ထားတယ်။ (ဆွံ့အနေသောရုပ်ပုံလေးဖြင့်)

220L: ငါ အဲ့တာကို ကြည့်ဖို့ အပြေးသွားခဲ့တယ်။ အဲ့တာ အမှန်ပဲဟ။ အိုး... အံ့အားသင့်စရာပဲ၊ လွန်ခဲ့တဲ့ တစ်လတုန်းက ဖန့်ကျွင်းရုံက Duchess Capetကို ဆံပင်ကြီးထွားဆေးခရင်မ်အချို့ကို ပေးခဲ့တယ်၊ အဲ့တာကို သူမ အသုံးပြုကြည့်ပြီး အရမ်းကြိုက်တဲ့အတွက်ကြောင့် လူတိုင်းကို အကြံပေးချင်ခဲ့တယ်။ ရလဒ်အနေနဲ့ သူမရဲ့အကောင့်ကို ရေတပ်အကောင့်လို့ အစွပ်စွဲခံခဲ့ရတယ်။ ပြီးတော့ မိန်ဖုန့်ကော်ပိုရေးရှင်းရဲ့ နာမည်ကျော်ကြားမှုကို ဖျက်စီးချင်တဲ့သူတွေက ဒါကို အခွင့်ကောင်းယူခဲ့ကြတယ်။ ခဏလောက်တော့ Duchess Capetက သနားစရာကောင်းလား ဒါမှမဟုတ် ဖန့်ကျွင်းရုံကပဲ သနားစရာကောင်းလား ဆိုတာကို ငါ ဝေခွဲမရတော့ဘူး။

221L: မားကတ်တင်းအကောင့်တွေ ဘယ်ရောက်သွားတာလဲ။ အခု ထွက်လာခဲ့ကြလေ။ နင်တို့မျက်နှာတွေ ဖြတ်အရိုက်ခံရတာ နာလား။ ဘော့စ်ဖန့်က အရမ်း အံ့အားသင့်ဖို့ကောင်းတယ်။ ဒီတစ်ခါ ကြော်ငြာပြောရေးဆိုခွင့်ရှိသူကို ငှားရမ်းဖို့ ဘယ်လောက် သုံးခဲ့တာလဲ။

222L: Duchess Capetက ပိုက်ဆံလိုအပ်လိမ့်မယ်လို့ ငါ မထင်ဘူး။ သူမကို ငှားရမ်းဖို့ ဘယ်သူ တတ်နိုင်မှာတဲ့လဲ။ သူမရဲ့ ဝေ့ပေါ်ပို့စ်ကို အကြိမ် ၁သောင်းကျော် ပြန်လည်မျှဝေပြီး ဘော့စ်ဖန့်ကို အပြစ်မဆိုဖူးတဲ့ ပရိသတ် ၃ဦးကို ရွေးချယ်ပြီး ကျောက်စိမ်းလက်ကောက် တစ်ယောက် တစ်ကွင်းစီ ဆုချမယ်လို့ ကြော်ငြာခဲ့တယ်။ ကျွမ်းကျင်သူများရဲ့ အဆိုအရ အဲ့ဒီကျောက်စိမ်းလက်ကောက်တွေရဲ့ တန်ဖိုးက ယွမ်သိန်းချီ တန်ကြေးရှိကြောင်း ဖော်ပြခဲ့သည်။ အိုး... အိုး... ကောင်းပြီ၊ ငါသွားတော့မယ်။ ပြန်လည်မျှဝေဖို့ ငါ သွားပြီ။ အကျင့်မကောင်းတဲ့ ပရိသတ်တွေအတွက် ပေးဖို့ ငါ့မှာ အချိန်မရှိဘူး။ Duchess Capetက ဘော့စ်ဖန့်ရဲ့ သူငယ်ချင်း ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now