Ch-223

694 88 0
                                    

အခန်း (၂၂၃) – ကျန်းကျစ်ယန်သည် သူ မျှော်လင့်ထားသလိုမျိုး အချိန်အကြာကြီး ပျော်ရွှင်နေရမည် မဟုတ်ပေ (၃)

ဖန့်ကျွင်းရုံသည် ဦးလေးကျန်းထံသို့ ဖုန်းခေါ်ဆိုကာ ကျန်းကျစ်ယန်နှင့် ထိုကုမ္ပဏီများအကြား ဆက်ဆံရေးအကြောင်းကို မေးမြန်းခဲ့သည်။ ကျန်းကျစ်ယန်တွင် ဒီကုမ္ပဏီတွေရဲ့ အစုရှယ်ယာများကို ဗြောင်ကျကျ မကိုင်ဆောင်ထားပေမယ့် သူ့ဦးလေးနှင့် သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေဟာ ဒီကုမ္ပဏီတွေရဲ့ ရှယ်ယာရှင်များ ဖြစ်ကြကြောင်း မကြာမီမှာပင် သူမ သတင်းရရှိခဲ့သည်။ သူမသည် ဒီပြဿနာဟာ သူမနဲ့ ကုမ္ပဏီပြိုင်ဖက်တွေရဲ့ အကျိုးစီးပွားအတွက် ရုန်းကန်နေမှုဟု ထင်မြင်ယူဆခဲ့ပေမယ့် ကျန်းကျစ်ယန်နဲ့ ဆက်ဆံရေး တစ်စိတ်တစ်ပိုင်း ရှိနေဆဲပင် မဟုတ်ပါလား။

သူမသည် နောက်ကွယ်မှ အကြောင်းအရာများကို ချက်ချင်း ရှာဖွေခဲ့ပြီး သူ ဘာကြောင့် ဒီလိုလုပ်တာလဲ ဆိုတာကို ရိပ်မိသွားခဲ့သည်။ တစ်ဖက်တွင် သူက သူမရဲ့ မောက်မာမှုကို ဖိနှိပ်ရန် သူငယ်ချင်းများနှင့် ဆွေမျိုးများကို အကူအညီပေးခဲ့ပြီး တစ်ဖက်တွင်မူ သူမထံမှ ကျေးဇူးကို ရရှိရန် အလကား လက်ကမ်းကူပေးခြင်း ဖြစ်သည်။ စကားမစပ်၊ အဲ့တာ ‌ကျောက်ခဲတစ်လုံးတည်းနဲ့ ငှက်သုံးကောင်ကို ပစ်လိုက်နိုင်တယ်လို့ ပြောနိုင်တဲ့ သူရဲ့ စွမ်းဆောင်နိုင်မှုကို သူမ မြင်တွေ့ခဲ့ရသည်။

ကျန်းကျစ်ယန်သည် လူအများ၏ နှလုံးသားကို ဆွဲဆောင်နိုင်ရန် ဤကဲ့သို့သော နည်းလမ်းများကို အသုံးပြုလေ့ရှိပုံရသည်။ ယခင်က ရှင်းယွင်နှင့် ယခု သူမထံသို့ သူသည် တူညီသော နည်းလမ်းကို အသုံးပြုပြီး ဆွဲဆောင်ရန် စီစဥ်ခဲ့သည်။

သူမသည် သူ့ရဲ့ ချဥ်းကပ်မှုကို မကျေနပ်သော်လည်း ဒါက သူ လုပ်တတ်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပုံရသည်။

ဖန့်ကျွင်းရုံသည် ကျန်းကျစ်ယန်ထံသို့ ဖုန်းမခေါ်ခင် ဖုန်းအား ခဏသွင်းထားလိုက်သည်။ ကျန်းကျစ်ယန် စကားစမပြောနိုင်ခင်မှာပဲ သူမ ပြတ်ပြတ်သားသား ပြောလိုက်သည်။ "သခင်လေးကျန်း၊ ကျေးဇူးပြုပြီး ကျွန်မကို မျက်နှာသာပေးပါဦး။ ကျေးဇူးပြုပြီး ဟုန်ယန်ကော်ပိုရေးရှင်းနဲ့ ပေါင်းခုန်ကော်ပိုရေးရှင်းတွေရဲ့ ဥက္ကဌတွေကို ကျွန်မကို ဂရုစိုက်ပြီး စိုးရိမ်ပူပန်ပေးတဲ့အတွက် ကျွန်မက ကျေးဇူးတင်ပါတယ်လို့ ကျွန်မအစား ပြောပေးပါဦး။"

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now