Ch-248

280 51 0
                                    

အခန်း (၂၄၈) – “ကျုံးရီတစ်ဦးတည်းကသာ ငါ့မွေးစားသမီးပဲ” (၂)

အဆိုပါ ဖြစ်ရပ်သည် လီဝမ့်ကျင်းနှင့် ကျန်းမိသားစုတို့၏ ရိဖန် ကော်ပိုရေးရှင်းနှစ်ခုလုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည်။ ဝယ်ယူသုံးစွဲသူများ၏ ဒေါသကို ဖြေဖျောက်နိုင်ရန်အတွက် ချယ်ရီပန်းပွင့်ဆေးလုံး အားလုံးကို ပြန်လည်သိမ်းဆည်းခဲ့ပြီး သူတို့အားလုံးကို ဖျက်ဆီးခဲ့ကြောင်း ကြေညာခဲ့သည်။ ချယ်ရီပန်းပွင့်ဆေးဗူး တစ်ဗူးလေး‌တောင် မကျန်ခဲ့ဘူး။

အခု ချယ်ရီပန်းပွင့်ဆေးလုံးတွေက စျေးကွက်မှာ ပြန်လည်ထွက်ပေါ်လာသဖြင့် တစ်ခုမဟုတ် တစ်ခုတော့ မှားနေခဲ့ပြီ။ တစ်ယောက်ယောက်ရဲ့ လက်ထဲတွင် ချယ်ရီပန်းပွင့်ဆေးလုံးဖော်မြူလာကို လက်ဝယ် ပိုင်ဆိုင်ထားပြီး ဤကဲ့သို့ စက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်သည် ကျန်းမိသားစုနှင့် မထူးမခြားနားပေ။

သို့မဟုတ် သူတို့သည် သူတို့ထုတ်ပြန်ကြေညာထားသည့်အတိုင်း ချယ်ရီပန်းပွင့်ဆေးလုံးများကို မဖျက်ဆီးတာလည်း ဖြစ်နိုင်သည်။

သူမမှာ ထင်မြင်ယူဆချက် များစွာ ရှိပေမယ့် သူမမှာ စောင့်ကြည့်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိသေးပေ။

***

ရဲတွေက သူမ မျှော်လင့်ထားသည့်ထက် ပိုမို မြန်ဆန်စွာ အရေးယူနိုင်ခဲ့ပြီး သူတို့ ဖမ်းဆီးရမိသူများထံမှ စကားဝှက်ကို ရယူပြီးနောက် ဝယ်ယူသုံးစွဲသူအဖြစ် ဟန်ဆောင်ပြီး ဆက်သွယ်ခဲ့သည်။ ငွေလဲလှယ်သည့်နေရာ၌ နောက်ထပ် လူတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ကုန်ပစ္စည်းအတု ပြုလုပ်သည့် နေရာတစ်ခုလုံးကို အောင်မြင်စွာ စီးနင်းနိုင်ခဲ့သည်။

ဖန့်ကျွင်းရုံသည် ရဲတွေထံမှ ထိုသတင်းကို ရရှိပြီးနောက် ချက်ချင်းပင် ရဲစခန်းသို့ အပြေးအလွှား သွားခဲ့သည်။ ဖန့်ကျွင်းရုံသည် ဘာဖြစ်နေတာလဲ ဆိုတာကို သိချင်နေခဲ့သည်။

သူမ ရောက်သွားတော့ ရဲတွေက ဖမ်းဆီးရမိသူတွေကို ညွှန်ပြခဲ့သည်။ သူတို့က ဒါဇင်ချီတဲ့ အုပ်စုကြီးတစ်ခုလို့ အစတုန်းက ထင်မြင်ယူဆခဲ့ကြပေမယ့် အဲ့ဒီ ကုန်ပစ္စည်းအတုလုပ်သည့်အဖွဲ့ဟာ ထင်မှတ်မထားလောက်အောင် သေးငယ်ပါသည်။ ဖန့်ကျွင်းရုံက ထိုအုပ်စုကို လှမ်းကြည့်လိုက်တော့ စုစုပေါင်းမှ လူငါးယောက်ကိုသာ တွေ့ရှိခဲ့သည်။ သူမနှင့် အဝေးဆုံးနေရာမှာ ထိုင်နေတဲ့ အမျိုးသမီးသည် အလွန်ဆံပင်ရှည်ပြီး ဆံပင်တွေက သူမမျက်နှာကို လုံခြုံနေအောင် ဖုံးအုပ်ထားသည်။ သူမရဲ့ ခန္ဓာကိုယ်ပုံပန်းကို ကြည့်ရတာ ရင်းနှီးသည့် အသွင်ရှိသည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now