Ch-206

785 103 0
                                    

အခန်း (၂၀၆) - သူတို့ကို ပစ်မှတ်ထားတယ်ဆိုတာ သိသာထင်ရှားသည် (၁)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

သူက သူမကို စိတ်ဝင်စားတယ်လို့ ပြောပြီး သူမကို လိုက်လံပိုးပမ်းခဲ့သည်။ သူသည် သူမအကြောင်းကို ဘာတစ်ခုမှ မသိခဲ့ဘူး။ သူ့အမြင်တွင် သူမကို သူ့ကောင်မလေးအဖြစ် ထားရှိခြင်းသည် သူမအတွက် ဆုလာဘ်တစ်ခုအဖြစ် ရှုမြင်လေသည်။ ဒီလိုမိန်းကလေးမျိုးတွေကို သူ အများကြီး မြင်တွေ့ဖူးသည်။

ထို့နောက် လီရှင်းယွင်ဟာ အကြည့်လွဲသွားပြီး ကျုံးရီနှင့် သူမ မနေ့က ကြည့်ဖြစ်ခဲ့သော အတင်းအဖျင်း အစီအစဥ်တစ်ခုအကြောင်း ဆက်ပြောခဲ့သည်။ သူတို့က ကုန်းယိလင်းရဲ့ ဘေးနားကနေ ဖြတ်သွားခဲ့ပြီး သူ့ကို လုံးဝ လှည့်မကြည့်ခဲ့ဘူး။

သူတို့နှစ်ယောက် လမ်းလျှောက်ထွက်သွားတာကို ကြည့်ရင်း ကုန်းယိလင်းက သူတို့နဲ့ မလှမ်းမကမ်း အကွာအဝေးကနေ လိုက်ပါသွားခဲ့သည်။ သူတို့ ကျောင်းရှေ့ဝင်ပေါက်နားသို့ ရောက်သောအခါ လီရှင်းယွင်နဲ့ ကျုံးရီတို့ဟာ Bentleyကားတစ်စီးပေါ်သို့ တက်သွားသည်ကို မြင်တွေ့လိုက်ရသည်။ ထိုကားသည် မနှစ်က အကန့်အသတ်ဖြင့် ထွက်ရှိခဲ့သော ကားတစ်စီးဖြစ်ကြောင်းကို သူ ပြောနိုင်ပြီး ထိုကားသည် သူ လိုချင်စိတ်ကူးယဥ်နေသော ကားဖြစ်သည်။

သူ့မိသားစုက အတော်လေး ချမ်းသာပေမယ့် သူတို့က ယွမ် ၁၀ မီလီယံတန်ကြေးရှိ ကားတစ်စီး ဝယ်ယူဖို့ ပိုက်ဆံ မသုံးနိုင်သေးဘူး။

ဒါ့ကြောင့် သူ့ရဲ့ ထင်မြင်မှန်းဆချက်က ပိုသေချာလာခဲ့သည်။

သူက သူ့လက်ကိုင်ဖုန်းကို ဆွဲထုတ်လိုက်ပြီး ဓာတ်ပုံအနည်းငယ် ရိုက်ယူလိုက်သည်။ လှည့်စားခံရတယ်လို့ တွေးမိပြီး ဒေါသနှင့် မနာလိုစိတ်တို့က သူ့ရဲ့ ကျိုးကြောင်းဆီလျော်မှု အားလုံးကို အငွေ့ပျံသွားစေသည်။

သူက သူ့အစ်ကိုထံသို့ ဖုန်းဆက်လိုက်သည်။ "အစ်ကိုကြီး ဟိုအရင်တုန်းက ကြိုးကြာဖြူမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ကျုံးရီဆိုတဲ့ ကောင်မလေးကို မှတ်မိသေးလား။"

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now