Ch-230

609 83 0
                                    

အခန်း (၂၃၀) - ဘော့စ်ကုသည် သူ့ရှေ့ရှိ ဖုန်းမျက်နှာပြင်ပေါ်မှ အရမ်းစိတ်ပျက်စရာကောင်းလောက်အောင် ရင်းနှီးကျွမ်းဝင်နေသော ဆေးဝါးများကို စိုက်ကြည့်နေခဲ့သည် (၂)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ကျန်းကျစ်ဆုရဲ့ လေသံဟာ ပုံမှန်အတိုင်း တည်ငြိမ်နေသော်လည်း ထိုစကားသံအတွင်း၌ ဝှက်ထားသော ခြိမ်းခြောက်မှု အရိပ်အယောင်ကို လူတိုင်း ကြားနိုင်သည်။ "မင်း တကယ်လို့ အဆင်မပြေ ဖြစ်နေတယ်ဆိုရင် ငါကတော့ ငါလုပ်စရာရှိတာကို ဆက်လုပ်ပေးရလိမ့်မယ်။ ဥပမာအားဖြင့် တောင်ပိုင်း ဒါမှမဟုတ် ရှန်ဟိုင်းက စျေးဝယ်စင်တာကို ယူကြပေါ့။"

သူ့ရဲ့ ပေါ့ပေါ့ပါးပါး ပြောလိုက်သော စကားများသည် ကျန်းကျစ်ယန်နဲ့ တခြားဆွေမျိုးရဲ့ မျက်နှာကို ချက်ချင်း ပျက်ကျသွားစေခဲ့သည်။ ဒီလုပ်ငန်းနှစ်ခုစလုံး၌ အားနည်းချက် အနည်းနဲ့ အများ ရှိနေခဲ့ကြသည်။ သူတို့က အကျိုးအမြတ်တွေကိုလည်း ရချင်ကြပေမယ့် သူတို့ တကယ်တမ်း ပြန်စဥ်းစားကြည့်တဲ့အခါမှာ ကျန်းကျစ်ဆုကို ဘယ်သူကမှ သြဇာလွှမ်းမိုးနိုင်စွမ်းမရှိတာကို ဝမ်းနည်းစွာ သတိပြုမိခဲ့ကြသည်။ သူက သူ့လက်နက်တွေကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့တာ သေချာပါပဲ ဒါမှမဟုတ် သူက အစကတည်းက သူတို့ကို စောင့်ကြည့်နေခဲ့တာလား။

ထိုနားလည်သဘောပေါက်သွားစေမှုက ကျန်းကျစ်ယန်တို့ အဖွဲ့၏ အမူအရာတွေကို အလွန်ပျက်ယွင်းသွားစေခဲ့သည်။

ကျန်းကျစ်ဆုက သူတို့ကို အသာအယာ ပြုံးပြရင်း "မင်း ဘယ်လိုထင်လဲ" လို့ မေးလိုက်သည်။

သူ အလွန် လိုက်လျောညီထွေ ရှိပုံပေါ်ပေမယ့် ဘယ်သူကမှ သူ့ကို လျှော့မတွက်ရဲကြတော့ဘူး။

ဖန့်ကျွင်းရုံသည် ကျန်းကျစ်ဆုက အသာအယာပင် သူ့ဖက်သို့ အလေးပြန်သာသွားတာကို မြင်တော့ အေးအေးဆေးဆေး ပြပွဲကို ပျော်ပျော်ရွှင်ရွှင် ထိုင်ကြည့်နေဖို့ ဆုံးဖြတ်လိုက်သည်။

"မင်းပြောတာ ကောင်းပါတယ်။"

ကျန်းကျစ်ယန်သည် အချိန်အတော်ကြာမှ အပြုံးတစ်ပွင့်ကို အတင်းဖိအားပေးပြီး ပြုံးလိုက်နိုင်သည်။ သူ ပြုံးလိုက်သောအခါတွင် သူ့ရဲ့ သွားစွယ်လေးက ပေါ်လာခဲ့ပြီး အနည်းငယ် ချစ်စရာကောင်းပြီး ကလေးဆန်သည့် ပုံရိပ်လေးကို မြင်စေနိုင်သည်။ မည်သို့ပင်ဖြစ်စေ ဖန့်ကျွင်းရုံအတွက်မူ သူက ဘယ်လောက်ချောနေပါစေ သူမ အရင်ဘဝတုန်းက သူမအစ်ကိုရဲ့မိသားစုကို ဒေဝါလီခံရအောင် လုပ်ဆောင်ခဲ့သည့် သူ့အကြောင်းတွေကို ပြန်တွေးမိတိုင်း သူ့ကို သူမနှလုံးသားထဲကနေကို ရွံ့ရှာနေဆဲပင် ဖြစ်သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now