Ch-217

699 96 0
                                    

အခန်း (၂၁၇) – "ရုပ်ရှင်ဧကရာဇ်ဖန့်ကြွယ်မင်က မင်းအဒေါ်အဖြစ် ဘယ်တုန်းစပြီး ဖြစ်သွားခဲ့ရတာလဲ" (၃)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

လီရှစ်ကျီရဲ့ မနာလိုဝန်တိုမှုသည် သူ့ရဲ့ ဆင်ခြင်တုံတရားအားလုံးကို ဖယ်ရှားပစ်ခဲ့ခြင်း ယခုအချိန်မှာတော့ သူ့ရှေ့ရှိအရာအားလုံးကို ဖျက်ဆီးပစ်လိုက်ချင်သည်။ ကျန်းယာ့ကောနှင့် အခြားလူတို့အကြား ဖြစ်ပျက်နေသောအရာကို လုံးဝမသိရှိခဲ့ပါ။ သူသည် အရာအားလုံးကို မျက်ကွယ်ပြုထားသော်လည်း သူ့ကိုယ်သူ မလိမ်နိုင်တော့ပါ။

"ဒီနေ့က နှစ်သစ်ကူးအကြိုနဲ့ ပွဲတော်ရက်တွေပဲလေ။ ကျွန်မတို့ ရန်မဖြစ်ကြရအောင်၊ ဟုတ်ပြီလား။" ကျန်းယာ့ကောသည် သူမမျက်ရည်များကို သုတ်ဖယ်လိုက်ပြီး ရှေ့ဆက်ရမယ့်လမ်းအတွက် အားယူရန် ကြိုးပမ်းလိုက်သည်။ ဒီဆက်ဆံရေးက အစကတည်းက မှားယွင်းခဲ့တာလည်း ဖြစ်နိုင်တယ်။ ဒီဆက်ဆံရေးကြောင့် သူမတို့ဘဝတွေကို ကမောက်ကမ ဖြစ်ကုန်သည်။

လီရှစ်ကျီရဲ့ နှုတ်ခမ်းတွေက အနည်းငယ် လှုပ်ခတ်သွားခဲ့သော်လည်း နောက်ဆုံး၌ သူပြောချင်သည့် စကားတွေကို မျိုချလိုက်သည်။

တံခါးခေါက်သံက ရုတ်တရတ် ထွက်ပေါ်လာသည်။

ကျန်းယာ့ကောသည် တံခါးကို ဖွင့်လိုက်သောအခါတွင် အိမ်အပြင်ဖက်မှာ အလွန်ချောမောသော ဖန့်ကြွယ်မင် ရပ်နေတာကို မြင်လိုက်ရသည်။ သူ့ခြေရင်းတွင် ပစ္စည်းအချို့ရှိနေပြီး ကျန်းယာ့ကောအား ခင်မင်ရင်းနှီးသောအပြုံးဖြင့် ပြုံးပြကာ စကားဆိုလိုက်သည်။ "မင်္ဂလာရှိသော နှစ်သစ်ကူးပါ။ ကိုယ် မင်းကို နှစ်သစ်ကူးလက်ဆောင် လာပို့ပေးတာပါ။"

ဖန့်ကြွယ်မင်သည် တိုက်ခန်းထဲရှိ လီရှစ်ကျီနှင့် အကြည့်ချင်းဆုံသွားသောအခါတွင် အမျိုးသားနှစ်ဦးကြားထဲမှာ မမြင်နိုင်သော မီးပွင့်တစ်ချို့ တောက်လောင်သွားပုံရသည်။

ဖန့်ကြွယ်မင်က သူ့ကို မကြည့်ပဲ ကျန်းယာ့ကောအား အလွန်ရိုးသားသောအသံဖြင့် ပြောသည်။ "မင်းပေးတဲ့ ဆေးဝါးအတွက် အရမ်းကျေးဇူးတင်ပါတယ်။ ကိုယ့်လက်ချောင်းတွေ ပြန်ကောင်းလာပြီးတော့ ကိုယ် ဖျော်ဖြေရေးနယ်ပယ်ထဲ ပြန်ဝင်ရောက်နိုင်တော့မယ်။ ကိုယ့်အတွက် မင်းလုပ်ပေးခဲ့သမျှကို ကိုယ် တကယ် တန်ဖိုးထားပါ့မယ်။"

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now