Ch-236

476 61 0
                                    

အခန်း (၂၃၆) - ကျန်းယာ့ကောသည် နေရာ၌ပင် အေးခဲသွားသည်၊ သူမရဲ့ အကြီးမားဆုံး အကြောက်တရားသည် နောက်ဆုံးတွင် ဖြစ်သွားခဲ့သည် (၂)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ကောယွမ်ကော်ပိုရေးရှင်းမှ ထုတ်ပြန်လိုက်သည့် ကြော်ငြာချက်က ကျန်းမိသားစုကို ရူးသွပ်သွားစေခဲ့သည်။

ကျန်းကျစ်ယန်မှတဆင့် သူတို့သည် ဒီဆေးနှစ်မျိုးက ဖန့်ကျွင်းရုံထံမှဖြစ်ကြောင်း သိရှိခဲ့ကြသည်။ သူ့တို့စိတ်ထဲတွင် ဤကဲ့သို့သော ဆေးဝါးများသည် သံသယရှိစရာ မလိုလောက်ပင် မိသားစုရဲ့ ရတနာဖြစ်လာမည်မှာ မလွဲမသွေ ဖြစ်ပြီး ဖန့်ကျွင်းရုံရဲ့ မိသားစုကို နောင်နှစ်ပေါင်းများစွာအထိ ကျန်းမိသားစုကဲ့သို့ ထောက်ပံ့ပေးနိုင်လောက်အောင် လုံလောက်သည်။ ဖန့်ကျွင်းရုံက သူ့ဖော်မြူလာကို အမှန်တကယ် လက်လွှဲပေးခဲ့ပြီး ဒီလိုမျိုး စျေးသက်သက်သာသာဖြင့် ရောင်းချလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

ဒီလိုမျိုး ရွှေငွေရတနာတွင်းကို စွန့်လွှတ်လိုက်မယ့် သူမလို လူမိုက်မျိုး ဒီကမ္ဘာပေါ်မှာ ဘယ်လိုလုပ်ပြီး ရှိနိုင်ပါ့မလဲ။ ထို့အပြင် ကျန်းမိသားစုသည် ကံမကောင်းစွာပဲ အဆိုပါလူမိုက်ထံသို့ ပြေးဝင်သွားခဲ့မိပြီး သူတို့ မိသားစုရဲ့ ရှေ့သို့ တက်လှမ်းနေသည့် ခြေလှမ်းတွေကို ရပ်တန့်သွားစေမိသည်။

အင်တာနက်အသုံးပြုသူများသည် သူတို့ရဲ့ ဝက်ဘ်ဆိုဒ်ဆီသို့ တစ်ယောက်ပြီး တစ်ယောက် ပြေးလာကြပြီး သူတို့ကို ကဲ့ရဲ့ရှုံ့ချတဲ့ မှတ်ချက်အများအပြားကို ချန်ထားရစ်ခဲ့ကြသည်။

ကျန်းမိသားစုမှ လူတွေဟာ အေးအေးဆေးဆေး ထိုင်မနေနိုင်တော့ပဲ မိသားစု အစည်းအဝေးကို ချက်ချင်းကျင်းပခဲ့ကြသည်။

"မိသားစုခေါင်းဆောင်၊ ကျွန်တော်တို့ ဘာလို့ စျေးမလျှော့ပေးတာလဲ။ မဟုတ်ရင် ကျွန်တော်တို့ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ကျွန်တော်တို့ကို ပြည်သူတွေ သပိတ်မှောက်တာ ခံရလိမ့်မယ်။" ပြည်သူလူထုအကြား သပိတ်မှောက်သည့် ဆူပူမှုများစွာ ထွက်ပေါ်လာခဲ့သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now