Ch-208

771 104 0
                                    

အခန်း (၂၀၈) - သူတို့ကို ပစ်မှတ်ထားတယ်ဆိုတာ သိသာထင်ရှားသည် (၃)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

လီရှင်းယွင်သည် တစ်ခဏ‌လောက် တုံ့ဆိုင်းနေပြီး သူမအမေထံမှ ကားကို တောင်းဖို့ ပြောသင့် မပြောသင့် စဥ်းစားကြည့်ခဲ့သည်။ ဒီလို မကောင်းတဲ့ ခန့်မှန်းချက်အချို့ကို ဂရုစိုက်သင့်တယ်။ ဘာပဲဖြစ်ဖြစ် သူမတို့မိသားစုပိုင် ကိုယ်ပိုင်ကားနဲ့ ကျောင်းသွား ကျောင်းပြန်တာ ဘာမှားလို့လဲ။

သူမသည် ပင်မစာမျက်နှာကို ပြန်လည်ဆန်းသစ်လိုက်ပြီး မူလပို့စ်က ပို့စ်အသစ်တစ်ခု တင်ထားတာကို သတိပြုမိခဲ့သည်။ ဒီတစ်ခါမှာတော့ သူမနှင့် ကျုံးရီတို့ ကားအတွင်းသို့ ဝင်သွားသည့်ပုံကို တင်ထားခဲ့တာ ဖြစ်သည်။ လီရှင်းယွင်ကို ဒေါသထွက်စေသည့်အရာမှာ ထိုဓာတ်ပုံထဲတွင် ကျုံးရီ၏ မျက်နှာကို ပြတ်ပြတ်သားသား မြင်နိုင်နေသောကြောင့် ဖြစ်သည်။ ထိုဓာတ်ပုံထဲတွင် သူမရဲ့ နောက်ကျောသာ ပါဝင်ပေမယ့် ကျောင်းတွင် သူမနဲ့ ကျုံးရီတို့၏ ဆက်ဆံရေးကို လူတိုင်း သိကြသည်။ ဒီပုံထဲမှ နောက်တစ်ယောက်ဟာ သူမဖြစ်ကြောင်း အခြားသူတွေသိဖို့ သိပ်မခက်ပါဘူး။

သူတို့ ပစ်မှတ်ထားခြင်း ခံရတယ်ဆိုတာ သိသာထင်ရှားလှသည်။

[ကြဲချလိုက်တဲ့ ဖရဲသီးကို ငါ တွေ့လိုက်ရလို့ ငါ အရမ်းအံ့အားသင့်သွားတယ်။ ငါ ဒီမှာ အေးအေးဆေးဆေး ဖရဲသီး ထိုင်စားနေတာကို ငါနဲ့ ရင်းနှီးတဲ့သူတစ်ယောက်ရဲ့ ဖရဲသီးဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ပုံထဲကလူကို ငါသိတယ်။ သူမက ငါတို့ကျောင်းက ဌာနပန်းပွင့်လေးပဲ။ အရမ်းလှတယ်။ အပြင်မှာ ပိုလှတယ်။ အပြင်မှာ ပုံထဲကထက် အဆ ၁၀၀လောက် ပိုလှတယ်။ သူမ ‌ကျောင်းတက်စတုန်းကတော့ သူမမိသားစုက စီးပွားရေး အခြေအနေ မကောင်းတဲ့ပုံပဲ။ သူမ ဝတ်တဲ့ အဝတ်အစားတွေက ‌စျေးပေါမှန်း သိသာတယ်။ ပြီးခဲ့တဲ့ စာသင်နှစ်ကနေစပြီးတော့ သူမရဲ့ ဝတ်စားဆင်ယင်မှုက ရုတ်တရတ် မြင့်မားလာခဲ့တယ်။ ပြောကြတာကတော့ သူမကို ချမ်းသာတဲ့ မိသားစုတစ်ခုက မွေးစားခဲ့တယ်လို့ ကြားတယ်။ လူတိုင်းက သူမကို ထီပေါက်တယ်လို့ထင်ပြီး ထိုအချိန်က သူမကိ အလွန် မနာလိုဖြစ်ခဲ့ကြတယ်။]

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now