Ch-241

490 73 0
                                    

Unicode

အခန်း (၂၄၁) - တစ်စုံတစ်ယောက်က ဖန့်ကျွင်းရုံရဲ့ အလှအပဆေးလုံးတွေကို ရောင်းချနေတာလား (၁)
စာရေးသူ - Zhái Miāo (宅喵)
ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ကျန်းကျစ်ဆုသည် ရုတ်တရတ် ကျန်းသဲ့ရှန်းအကြောင်းကို ထုတ်ပြောလာသည်။ "မင်းရဲ့လက်ထောက်က မင်းနဲ့အလုပ်တွဲလုပ်ရင်း အရမ်းတော်လာပုံပဲ။"

ဖန့်ကျွင်းရုံက ဒါကို နည်းနည်းလောက် စဥ်းစားကြည့်ပြီး အစမ်းသဘောဖြင့် မေးမြန်းလိုက်သည်။ "ရှင်ပြောနေတာ ကျန်းသဲ့ရှန်းအကြောင်းလား။ သူက ဘာဖြစ်လို့လဲ။" ကျန်းသဲ့ရှန်းက အမှန်တကယ် အရည်အချင်းရှိသူဖြစ်ပြီး သူ့ရဲ့ တာဝန်အားလုံးကို လျင်မြန်စွာနှင့် ပြီးပြည့်စုံအောင် ဆောင်ရွက်ပေးနိုင်သူလည်း ဖြစ်သည်။ ဒ့ါအပြင် သူ့လို လက်ထောက်တစ်ယောက် သူမအနားမှာ ရှိနေတာက အခြား အခက်အခဲတွေကို အများကြီး သက်သာစေနိုင်ပါသည်။ နောက်ဆုံး၌ သူမသည် ကျန်းသဲ့ရှန်းထက် ဆွဲဆောင်မှု အားနည်းသော မည်သူ့ကိုမျှ သူမ လက်တွဲဖော်အဖြစ် ထည့်သွင်းစဥ်းစားပေးမည် မဟုတ်ကြောင်း ဧည့်ခံပွဲတစ်ခုတွင် အမှတ်မထင် သူမ ပြောခဲ့ဖူးသည်။ အဲ့ဒီနောက်ပိုင်းမှာ သူတို့ကိုယ်သူတို့ အထင်ကြီးသူအချို့က သူမထံ ချဥ်းကပ်ရန် ကြိုးစားနေခြင်းကို ရပ်တန့်လိုက်ကြသည်။
"သူက ဒေတာတွေနဲ့ ပတ်သက်ပြီး ထက်မြက်တဲ့ ဥာဏ်ရည်ဥာဏ်သွေးရှိတယ်၊ အခုနောက်ပိုင်း စတော့စျေးကွက်မှာ သူ ကောင်းကောင်း လုပ်ဆောင်နိုင်တယ်။"

ဖန့်ကျွင်းရုံသည် ထိုအကြောင်းကို သိပ်မသိပေ။ သူမ ဝန်ထမ်းတွေက ဥပဒေကို မချိုးဖောက်သရွေ့ သူမဝန်ထမ်းတွေရဲ့ အခြားအလုပ်အကိုင်တွေကို သူမ သိပ်ဂရုမစိုက်ပါဘူး။ သူမသည် အခြားသူများ၏ ကိုယ်ရေးကိုယ်တာကို လေးစားပေးရမည်။ ကျန်းသဲ့ရှန်းက စတော့ရှယ်ယာစျေးကွက်တွင် စျေးကစားနေတာကို သူမ မသိပေ။

ဖန့်ကျွင်းရုံက ပြုံးပြီး "သူ ပင်စင်ယူသွားပြီးရင် သူ့ရဲ့အနားယူတဲ့အချိန်ကာလအတွက် ငွေရေးကြေးရေး စိတ်ပူစရာ မလိုတော့ဘူး ထင်တယ်။"

ကျန်းကျစ်ဆုရဲ့ ရည်ရွယ်ချက်မှာ ဖန့်ကျွင်းရုံကို သတိမူမိစေရန် ဖြစ်သည်။ အခု သူမမှာ အကြံတစ်ခု ရှိနေတာကြောင့် သူ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now