Ch-220

1K 107 1
                                    

အခန်း (၂၂၀) - အိုး... သနားစရာ Duchess Capet (၃)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

Duchess Capetသည် သူမအမေးကို ချက်ချင်း ပြန်ဖြေသည်။

ဖန့်ကျွင်းရုံသည် Duchess Capetရဲ့ ပင်မစာမျက်နှာကို တစ်ချက်ကြည့်လိုက်တာနဲ့ အကောင့်အသစ်တစ်ခု ဆိုတာမှန်း သိသာထင်ရှားနေသည်။ သူမရဲ့ ပရိုဖိုင်ဓာတ်ပုံသည် ချောမွေ့တောက်ပြောင်နေသည့် ရွှေအိုရောင်ဆံပင်ကို အသားပေး ရိုက်ကူးထားသည့် ဓာတ်ပုံ ဖြစ်သည်။ သူမရဲ့ ပရိုဖိုင်ဓာတ်ပုံကို ကြည့်လိုက်တာနဲ့ သူမရဲ့ ဆံသားတောက်ပြောင် လှပနေပုံကို အသားပေးထားသည့် Duchess Capetရဲ့ အဖြစ်သည်းနေမှုကို တွေ့နိုင်သည်။

ထို့နောက် ဖန့်ကျွင်းရုံသည် Duchess Capet သိပ်မကြာခင်က တင်ထားခဲ့သော ပို့စ်များကို တစ်ချက် ကြည့်လိုက်သည်။ Duchess Capet သူမအကြောင်းကို မိတ်ဆက်ထားသည့် ကိုယ်ရေးအကျဥ်းကိုသာ တွေ့နိုင်ပြီး သူမတင်ထားသော ပို့စ်ကို မကျေနပ်ချက်များစွာကြောင့် ပြန်ဖျက်ထားတာ ဖြစ်နိုင်လေသည်။

[အားလုံးပဲ မင်္ဂလာပါ၊ ငါက Duchess Capet အစစ်အမှန်ပါ။ ငါ့ရဲ့ တရုတ်ပြည်က သူငယ်ချင်းတွေနဲ့ တွေ့ရတာ အရမ်းဝမ်းသာပါတယ်။]

ဖန့်ကျွင်းရုံက အဲ့ဒီပို့စ်က စက်ဖြင့် ဘာသာပြန်ဆိုထားတာ ထင်ခဲ့သည်။ ဒါမှမဟုတ်ရင်လည်း သူမ ငှားရမ်းထားသည့် ခန့်ညားချောမောသော ဘာသာပြန်ကောင်လေး ရေးသားပေးတာလည်း ဖြစ်နိုင်သည်။

သူမရဲ့ မက်ဆေ့ချ်အောက်မှာ အံ့သြစရာကောင်းတဲ့ မှတ်ချက်တစ်ခုလည်း ရှိခဲ့သည်။

[ဒီမှာ ငါတို့ ထပ်တွေ့ပြန်ပြီ၊ Duchess Capetရဲ့ နာမည်ကျော်ကြားမှုကို ဖျက်ဆီးချင်နေတဲ့ နောက်ထပ်တစ်ယောက်ကို တွေ့ရပြန်ပြီ။ နိုးထပြီး နှင်းဆီပန်းတွေပဲ ပြန်ရောင်းနေလိုက်တော့။ သူမမှာ နိုင်ငံခြားအကောင့်တစ်ခု ရှိပြီးသားပဲ။ သူမက နောက်ထပ် ဒေသခံအကောင့်တစ်ခု မှတ်ပုံတင်တာ မဖြစ်နိုင်ဘူး။]

[ဒီတစ်ယောက်က ဘော့စ်ဖန့်ရဲ့ နာမည်ကျော်ကြားမှုကိုပါ ဖျက်ဆီးချင်နေတယ်။ ဒါ အရမ်းလွန်သွားပြီ။ ပြီးတော့ သူမက ဆံပင်ကြီးထွားဆေးခရင်မ်ကို အရင်သုံးစွဲဖူးတယ်လို့တောင် ပြောလိုက်သေးတယ်။ အဓိပ္ပါယ် မရှိလိုက်တာ။ ဒီဆံပင်ကြီးထွားဆေးခရင်မ်က စျေးကွက်ထဲမှာတောင် မဖြန့်ချိရသေးဘူး။ သူမက ဘာလုပ်ဖို့ ကြိးစားချင်နေရတာလဲ။]

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now