Ch-231

579 89 1
                                    

အခန်း (၂၃၁) - ဘော့စ်ကုသည် သူ့ရှေ့ရှိ ဖုန်းမျက်နှာပြင်ပေါ်မှ အရမ်းစိတ်ပျက်စရာကောင်းလောက်အောင် ရင်းနှီးကျွမ်းဝင်နေသော ဆေးဝါးများကို စိုက်ကြည့်နေခဲ့သည် (၃)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ဖန့်ကျွင်းရုံရဲ့ မျက်နှာပေါ်တွင် စိတ်ပါဝင်စားသော အသွင် ဖြစ်ပေါ်လာခဲ့သည်။ ကျန်းကျစ်ယန်သည် အချိန်အခါကောင်းကို ရွေးချယ်တတ်ကြောင်း သေချာသိနေတာပဲ။ ဆေးဝါးများကို စတင်ဖြန့်ချိမည့်နေ့ရက်ကို သူက ရွေးချယ်ခဲ့သည်။ သူက ဘာဖြစ်လို့ သူ့မျက်နှာကို သူကိုယ်တိုင် ဖြတ်ရိုက်ချင်နေရတာလဲ။

သေချာပေါက် သူမ ထိုပွဲသို့ သွားမတက်ရောက်နိုင်ဘူး။ သူမ ထိုပွဲသို့ တက်ရောက်ခဲ့လျှင် အရိုက်ခံရမှာကို သူမ စိုးရိမ်ပူပန်မိသည်။

ဖန့်ကျွင်းရုံက ငြင်းပယ်လိုက်သည်။ "ကျွန်မ အဲ့နေ့ရက်ကျ မအားလပ်ဘူး ဖြစ်နေတယ်။ ပျော်ရွှင်စရာ အခမ်းအနား ဖြစ်ပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်။"

ကျန်းကျစ်ယန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားပေမယ့် ဖန့်ကျွင်းရုံအား အခမ်းအနားသို့ တက်ရောက်ပေးရန် အတင်းအကြပ် တိုက်တွန်းဖို့ မလုပ်နိုင်ပေ။ ထို့ကြောင့် သူက မြင့်မားသော လမ်းကိုသာ လျှောက်လှမ်းဖို့ ရွေးချယ်ခဲ့လေသည်။

"နောင်နှစ်ကျရင် မင်းကိုယ်တိုင် ဒီလိုဂုဏ်ပြုပေးနိုင်ဖို့ မျှော်လင့်ပါတယ်။"

ဖန့်ကျွင်းရုံက နောင်နှစ်ဆိုတာ မရှိနိုင်ဘူးလို့ ခံစားမိလေသည်။ နောက်ဆုံး၌ သူမက မမေးမြန်းပဲ မနေနိုင်တော့ပေ။ "ရှင် ဘယ်ဗေဒင်ဆရာဆီမှာ မေးခဲ့တာလဲ။" ဖန့်ကျွင်းရုံသည် ထိုဗေဒင်ဆရာကို ရှောင်ရှားနိုင်ဖို့ မေးမြန်းကြည့်ခဲ့သည်။ ဒီဗေဒင်ဆရာရဲ့ အတတ်ပညာက တကယ့်ကို အံ့မခန်းပါပဲ။

ကျန်းကျစ်ယန်က ဖန့်ကျွင်းရုံကို ထိုဗေဒင်ဆရာရဲ့ နာမည်နဲ့ ဆက်သွယ်ရမယ့် အချက်အလက်ကို ပေးခြ့သည်။ ဖန့်ကျွင်းရုံကို မဖိတ်ကြားနိုင်ခဲ့သဖြင့် စိတ်မချမ်းမသာ ဖြစ်ခဲ့ရသော်လည်း မျိုးနွယ်စုခွဲရဲ့ အရှင်သခင် ဖြစ်တော့မယ်လို့ တွေးမိလိုက်သောအခါတွင် သူ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေခဲ့သည်။ အထူးသဖြင့် လူတိုင်းက သူ့ကို ဝန်းရံနေကြသလို သူက စကြာဝဠာတစ်ခုလုံးရဲ့ အဓိက ဗဟိုချက် ဖြစ်နေသကဲ့သို့ ထင်မြင်ပြီး သူ့ကိုယ်သူ တိမ်ပေါ်မှာ လမ်းလျှောက်နေသလို ခံစားနေခဲ့ရပြီး သူ့တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းနေခဲ့သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now