Ch-207

755 106 0
                                    

အခန်း (၂၀၇) - သူတို့ကို ပစ်မှတ်ထားတယ်ဆိုတာ သိသာထင်ရှားသည် (၂)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ကျုံးရီနှင့် ကျန်းယာ့ကောတို့ နောက်ပိုင်းတွင် ဆက်ဆံရေး ပြတ်တောက်သွားခဲ့သည်မှာ အချစ်ရေးအပြင် ထိုအကြောင်းရင်းဟာလည်း တစ်ပိုင်းတစ်စ ပါဝင်နေပေသည်။ အခြားတစ်စိတ်တစ်ပိုင်းမှာ သူမ ဒီလိုမျိုး ဖြစ်သွားခဲ့သည်မှာ ကျန်းယာ့ကောက အတိုင်းအတာတစ်ခုထိ ပတ်သက်ဆက်နွယ်နေကြောင်းကို တွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။

သို့သော် အခုဘဝတွင် ကျုံးရီနှင့် ကျန်းယာ့ကောတို့သည် ဆက်ဆံရေး ပြတ်တောက်သွားခဲ့သည်မှာ ကြာခဲ့ပြီ။ သူမသည် လီရှစ်ကျီကို မချစ်မြတ်နိုးခဲ့သလို သူမ အဖွားဖြစ်သူ၏ ကျန်းမာရေးသည်လည်း ပိုပိုပြီး ကောင်းမွန်လာခဲ့သည်။ သူမဟာ သူမရဲ့ အရင်ဘဝတုန်းကနဲ့ မတူညီတဲ့ လမ်းကြောင်းတစ်ခုပေါ်သို့ ရောက်ရှိနေခဲ့ပြီ။

ကျုံးရီက အနည်းငယ် အံ့အားသင့်သွားပေမယ့် သူမက အပြုံးလေးဖြင့် စကားဆိုလိုက်သည်။ "ဟုတ် ကောင်းပါပြီ။ အရင်နှစ်တုန်းက ကျွန်မတို့ နှစ်ယောက်ပဲ အမြဲတမ်း ရှိနေခဲ့ရတာ။ ပျော်စရာကောင်းပေမယ့် နည်းနည်းတော့ အထီးကျန်တယ်။"

"ကျွန်မအဖွားက နှစ်သစ်ကူးအကြို ညစာစားပွဲ ပြုလုပ်တဲ့ နေရာမှာ အရမ်းတော်တယ်။ သူမ ငယ်ငယ်တုန်းက စားဖိုမှုးတစ်ယောက် ဖြစ်ခဲ့တာလေ။" သူမသည် သူမ အဖွားဖြစ်သူရဲ့ အကောင်းဆုံး ဟင်းလျာများအကြောင်းကို ပြောပြခဲ့သည်။

ဖန့်ကျွင်းရုံတောင်မှာ ကလေးနှစ်ယောက် အိမ်ပြန်ရောက်လာတဲ့ အချိန်ကျမှ ရုတ်တရတ် အိမ်ဆိုသည့် အဓိပ္ပာယ် ပြည့်ဝသွားသလို ခံစားလိုက်ရသည်။

သူမသမီးလေး တဖြည်းဖြည်း အရွယ်ရောက်လာတာကို စောင့်ကြည့်ဖို့ အချိန်များများ သုံးသင့်တယ်လို့ တွေးမိခဲ့သည်။

***

လီရှင်းယွင်သည် အိမ်ပြန်ရောက်ပြီးနောက် ဘာမှ မလုပ်တော့ပဲ အနားယူတော့သည်။ ကျုံးရီနှင့် သူမသည် သူမတို့ရဲ့ ပါရမီရှင်ကြယ်ပွင့် ရွေးချယ်မည့် အစီအစဥ်အကြောင်းကို ဘယ်လိုကျင်းပကြမလဲဆိုတာကို အသေးစိတ် ဆွေးနွေးကြသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် အမြင်ချင်း မတူတာတွေ ကြုံရသည့်အခါမျိုးမှာ ဖန့်ကျွင်းရုံအား သူတို့နှစ်ယောက်ရဲ့ ဒိုင်လူကြီးအဖြစ် ဆုံးဖြတ်စေခဲ့သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now