Ch-210

971 124 0
                                    

အခန်း (၂၁၀) - အခု တောင်းပန်ဖို့ အရမ်းနောက်ကျသွားပြီလား (၂)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ဖန့်ကျွင်းရုံက (မည်သို့လိမ်ရမှန်း မသိတဲ့ ရောင်စုံခဲတံ) တင်ထားသော ပို့စ်ကို ဤသို့ရေးသားကာ ပြန်လည်မျှဝေခဲ့သည်။ "သူတို့ရဲ့ အလုပ်ရှင်လား။ မင်း ငါ့အကြောင်း‌ ပြောနေတာလား။ ဘာလဲ။ ငါ့ကိုယ်ပိုင်ကားကို ငါ့ကလေးတွေကျောင်းကနေ သွားကြိုဖို့ သုံးလို့မရဘူးလား။"

သူမ ထိုသို့ တင်ပြီးသည်နှင့် ရှေ့နေအချို့ကို ဆက်သွယ်ကာ တရားဝင်ကြော်ငြာချက် ထုတ်ပြန်ခဲ့သည်။

[လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက တင်ထားတဲ့ (မည်သို့လိမ်ရမှန်း မသိတဲ့ ရောင်စုံခဲတံ)၊ (ငါ ဒီနေရာမှာ ‌ရောက်နေပြီ ကြည့်လိုက်စမ်း) (ငါ့အစ်ကိုကြီးက အကောင်းဆုံးပဲ) နှင့် အခြားသူတွေက လီရှင်းယွင်နဲ့ ကျုံးရီတို့မှာ စပွန်ဆာရှိတယ်လို့ ပို့စ်ထားခဲ့ကြတယ်။ ထိုကဲ့သို့သော ဆွေးနွေးမှုများဟာ သူတို့ရဲ့ဂုဏ်သတင်းကို အပျက်သဘော သက်ရောက်စေခဲ့ပြီး အသရေဖျက်မှုအဖြစ် သတ်မှတ်လိုက်သည်...

ကျွန်တော်တို့ သက်သေတွေကို စုဆောင်းပြီး သူတို့ကို တရားဥပဒေနှင့်အညီ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။ အင်တာနက်သည် ရိုင်းစိုင်းသည့် စကားများဆိုရာ နေရာ မဟုတ်ပါ။]

ထို့နောက် သူမ အနည်းငယ် ထပ်တွေးလိုက်ပြီး နောက်ထပ်ပို့စ်တစ်ခုကို တင်လိုက်သည်။

[စကားမစပ် ငါပြောရရင် လီရှင်းယွင်က ငါ့သမီးပါ၊ ငါ့သမီးအရင်းဖြစ်တယ်။ သူမက လှပတယ်၊ ကြင်နာတတ်တယ်၊ ချစ်စရာကောင်းပြီး စဥ်းစားတွေးခေါ်တတ်တယ်။ သူမက ငါ့ကလေးပဲ။ ကျုံးရီက ငါ့မွေးစားသမီးပါ။ သူမက သိမ်မွေ့တယ်၊ သန်မာတယ် ပြီးတော့ သူမက သူမအနီးအနားကလူတိုင်းက အမြဲတမ်း ကူညီထောက်ပံ့ပေးတယ်။ သူမကို မွေးစားခွင့်ရတာ ငါ ကံကောင်းတယ်။ နှစ်ယောက်စလုံး အလွန်လိမ္မာရေးခြားရှိပြီး ကြင်နာမှုတွေနဲ့ ထိုက်တန်ပါတယ်။ တရားရုံးစစ်ဆေးမှုရလဒ်တွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ မိန်ဖန့်ထုတ်ကုန်အားလုံးကို ၂၀ရာခိုင်နှုန်း လျှော့စျေး ပေးသွားပါမယ်။]

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now