Ch-240

497 82 0
                                    

အခန်း (၂၄၀) - ဒီလိုနဲ့ပဲ၊ သူတို့အားလုံး အဖမ်းခံလိုက်ရတယ် (၃)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ဖန့်ကျွင်းရုံသည် အသီးအနှံများကို ပို့ပေးပြီးနောက် သူမ နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားတော့မည် ဖြစ်သည်။ သူမရဲ့ သက်တော်စောင့်တွေက သူမ ဘေး၊ညာတွင် ခြံရံထားသောကြောင့် လူအများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ ဖန့်ကျွင်းရုံက ထိုကဲ့သို့သော အာရုံစိုက်မှုမျိုးကို လျစ်လျူရှုထားနိုင်ခဲ့သည်မှာ ကြာပါပြီ။ ကျောင်းကနေ ထွက်ခွာဖို့ အလျင်စလို မလုပ်ပဲ ကျောင်းဝင်းထဲကို လှည့်ပတ်ကြည့်ရှုခဲ့သည်။ ကျုံးရီရဲ့ တက္ကသိုလ်ဟာ ရှင်းယွင်ရဲ့ တက္ကသိုလ်လောက် မကျယ်ဝန်းပေမယ့် ပိုမိုကောင်းမွန်တဲ့ ရှုခင်းတွေ ရှိပါသည်။

အနီးအနားရှိ ချယ်ရီသစ်တောသည် လူငယ်စုံတွဲတွေအကြား အထူး‌ရေပန်းစားသော နေရာတစ်ခု ဖြစ်သည်။

ဤအချိန်ဟာ ချယ်ရီပန်းပွင့်သည့် ရာသီဖြစ်၍ လေထဲတွင် ပန်းပွင့်လေးများ ဝဲဖြာကျဆင်းနေကြသည်။ ပန်းပွင့်ဖတ်လေးတွေက တဖွဲဖွဲ ကြွေဆင်းနေတဲ့အတွက် အရမ်းကို ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပေါ်စေသည်။ ဖန့်ကျွင်းရုံတောင် သူတို့ကို အရမ်းသဘောကျမိသည့်အတွက် ခဏလောက် မရပ်ရ မနေနိုင်ပဲ ရပ်တန့်မိခဲ့သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်ရဲ့ အော်ဟစ်အကူအညီတောင်းသံကို သူမ ကြားလိုက်ရသည်။

သူမ သွားကြည့်ဖို့ ပြင်ဆင်ချိန်တွင် သူမဘေးနားက တစ်ယောက်ယောက်က စကားပြောသံကို ကြားလိုက်ရသည်။ "မင်း ဒီမှာ စောင့်နေ။ ငါတို့ သွားပြီးတော့ စစ်ဆေးကြည့်လိုက်ဦးမယ်။"

သူမ လှည့်ကြည့်လိုက်တော့ သမားရိုးကျဆန်လွန်းသော အမျိုးသားနှစ်ဦးကို တွေ့လိုက်ရသည်။ သူတို့တွေမှာ ထူးထူးခြားခြား လက္ခဏာ လုံးဝ မရှိသော လူတွေ ဖြစ်လို့ လူအုပ်ကြားထဲ ရပ်နေလျှင်ပင် သူတို့ကို သတိမပြုမိနိုင်လောက်ပေ။

သူမ လန့်သွားသည်။ ဒီအမျိုးသားနှစ်ယောက်က ဘယ်နေရာက ပေါ်လာတာလဲ။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now