Ch-214

1K 114 1
                                    

အခန်း (၂၁၄) "သူမသည် မိန်ဖန့်ရဲ့ ဘော့စ် ဖန့်ကျွင်းရုံ၏ သမီး ဖြစ်သည်" (၃)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

အဖေကုန်းက ဒေါသထွက်သွားပြီး ကုန်းယိလင်းရဲ့ နဖူးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "မင်း ဒီလိုမျိုးဖြစ်အောင် ဘယ်လိုလုပ်လိုက်တာလဲ။ မင်းလုပ်တာ ကောင်းရဲ့လား။ မင်းရဲ့ ပြစ်မှုမှတ်တမ်းကို ဖယ်ရှားနိုင်ဖို့ နည်းလမ်းတစ်ခုကို အမြန်ရှာကြည့်။ ငါ ဒီလိုအရှုပ်အထွေးမျိုးကို လက်မခံနိုင်ဘူး။" သူက သားဖြစ်သူက ဒီလိုပြစ်မှုမျိုးကို ကျူးလွန်တာထက် ပြစ်မှုမှတ်တမ်းမှာ မှတ်တမ်းတင်ခံရမှာကို ပိုစိုးရိမ်သည်။ သူက ဘယ်လောက်တောင် မိုက်မဲလိုက်လဲ။

အခု သူ ဒါကို သိရှိသွားသောအခါတွင် အဖေကုန်းဟာ ဒီပြဿနာကို သိပ်ပြီး စိတ်မဝင်စားတော့ပေ။ ငွေဖြင့် ဖြေရှင်းနိုင်သည့် မည်သည့်ပြဿနာမဆို ပြဿနာဟု မခေါ်ဆိုနိုင်ပါ။ ပြီးတော့ သူတို့မိသားစုက ချမ်းသာသည်။

"မင်းတောင်းပန်ပြီးပြီလား။ သူတို့က ဘာပြောလဲ။"

ကုန်းယိလင်းရဲ့အသံဟာ အရင်ကထက် ပိုအားနည်းလာခဲ့သည်။ "သူတို့မိသားစုက ငွေမလိုအပ်ဘူး။ သူတို့က ကျွန်တော်ရဲ့ တောင်းပန်မှုကို ငြင်းဆန်ခဲ့ပြီး ကျွန်တော့်ကို အသရေဖျက်မှုနဲ့ တရားစွဲဆိုလိမ့်မယ်။"

အဖေကုန်းဟာ အခုအချိန်မှာ စိတ်ဆိုးသွားခဲ့သည်။ "သူတို့က ငါတို့လို ချမ်းသာလို့လား။ သူတို့က မင်းရဲ့ တောင်းပန်မှုကို လက်ခံဖို့ ငြင်းဆန်နိုင်လိမ့်မယ်လို့ ထင်နေတာလား။ ငါ့မှာ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် သူငယ်ချင်းအချို့ရှိတယ်။ သူတို့က ငါတို့ကို ကူကယ်ရာမဲ့သွားမယ်လို့ တကယ်ထင်နေတာလား။"

ကုန်းယိလင်းသည် သူ ဒီလျှို့ဝှက်ချက်ကို အချိန်အကြာကြီး ထိန်းမထားနိုင်ဘူးဆိုတာကို သူ နားလည်သဘောပေါက်မိသည်။ သူက အံတင်းတင်းကြိတ်ပြီး ဒီပြဿနာအကြောင်းကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်သည်။ "အဲ့ကျောင်းသူက မိန်ဖုန့်ကော်ပိုရေးရှင်းရဲ့ စီအီးအို ဖန့်ကျွင်းရုံရဲ့ သမီးပဲ။"

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now