Ch-238

495 78 0
                                    

အခန်း (၂၃၈) - ဒီလိုနဲ့ပဲ၊ သူတို့အားလုံး အဖမ်းခံလိုက်ရတယ် (၁)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ထိုအချိန်တွင် ဖန့်ကျွင်းရုံသည် ကျောက်စိမ်းဖြူဆေးခရင်မ်နှင့် အဆိပ်အတောက်ဖယ်ရှားဆေးလုံးတို့အပေါ် အာရုံစိုက်ထားခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး သူတို့ရဲ့ သုတေသန အချက်အလက် အများအပြားကိုလည်း ထုတ်ပြန်ကြော်ငြာခဲ့သော်လည်း လူတော်တော်များများက ဒီဆေးနှစ်မျိုး၏ အာနိသင်နှင့် ပတ်သက်၍ သံသယရှိနေကြဆဲ ဖြစ်သည်။ ဒီဆေးနှစ်မျိုးကို ဝယ်ယူသုံးစွဲပြီး သူတို့ရဲ့ အံ့ဖွယ်အာနိသင်ကို ခံစားရပြီးသည့်နောက် ဒီဆေးတွေအကြောင်း အွန်လိုင်းပေါ်တွင် အရူးအမူး ရေးတင်ခဲ့ကြသည်။ သူမ သိသ‌လောက် ကောယွမ်ကော်ပို‌ရေးရှင်းက ဒီဆေးနှစ်မျိုးကို ပြည်ပတွင် ပြည်တွင်းထက် ငါးဆစျေးတင်ပြီး ရောင်းချသွားမှာ ဖြစ်ပါသည်။

ဒါက နိုင်ငံခြားဝင်ငွေရရှိဖို့အတွက် သူမက နိုင်ငံကို ကူညီပေးရာ ရောက်တယ်လို့ ဆိုနိုင်မလား။

နှစ်ပတ်လောက်ကြာသည့်အထိ ကျောက်စိမ်းဖြူဆေးခရင်မ်ရဲ့ ကျော်ကြားမှုဟာ လျော့မသွားပဲ ပိုပိုပြီး နာမည်ကြီးလာခဲ့သည်။ ကျန်းပိတို့ မိသားစုက သူတို့ရဲ့ အရိုးပြုပြင်ဆေးခရင်မ်ကို စျေးကွက်ပေါ်မှ တိတ်တဆိတ် ဖယ်ရှားခဲ့ကြောင်းကိုလည်း သူမ သတိပြုမိခဲ့သည်။

သူမသည် ဒါကို မြင်လိုက်ရတော့ ရာဇဝင်ကြွေး ဆပ်လိုက်နိုင်တယ်လို့ ခံစားခဲ့ရသည်။

စျေးကွက်မှာ ရောင်းအားမြင့်တက်လာသည်နှင့်အမျှ ကောယွမ်ကော်ပိုရေးရှင်းရဲ့ စတော့ရှယ်ယာများမှာလည်း စျေးတက်လာခဲ့သည်။ ဖန့်ကျွင်းရုံဟာ ဒီအတောအတွင်းမှာ ဖိတ်စာအများကြီး ပုံမှန်လက်ခံရရှိခဲ့သည်။ သေချာတာကတော့ လူတိုင်းဟာ သူမနှင့် အဆက်အသွယ် ရချင်ကြသည်။ သူမ သမီးလေး ရှင်းယွင်တောင်မှ ‌ကျောင်းတွင် သူမနှင့် အဆက်အသွယ် လုပ်ချင်တဲ့လူပိုများလာတယ်ဟု ဖန့်ကျွင်းရုံထံ လာရောက် ညည်းညူခဲ့သည်။

ဖန့်ကျွင်းရုံသည် ဒီကိစ္စနှင့် ပတ်သက်၍ စိတ်ပူပန်ခြင်း မရှိပေ။ သူမ သမီးလေး ရှင်းယွင်သည် ဒီလို ကိစ္စမျိုးကို အနှေးနှင့် အမြန်ဆိုသလို ရင်ဆိုင်ရမည် ဖြစ်သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now