Ch-203

1K 111 1
                                    

Paid Gp စဆုံးပြီး

အခန်း(၂၀၃) - သူမကို လိုက်လံပိုးပမ်းနေသမျှ တစ်ချိန်လုံးဟာ ဟာသတစ်ခုပဲ ဖြစ်ပေသည် (၁)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

"သူမ ဘာဖြစ်သွားတာလဲ။"

သူမလက်ထဲတွင် ကျောက်စိမ်းတုံးကို ကိုင်ကာ ရွှင်မြူးစွာ လမ်းလျှောက်လာတဲ့ Duchess Capetက ပဟေဠိဖြစ်စွာ ကြည့်နေသည်။ ရှင်းပါတယ်၊ သူမဖြစ်ဖြစ် ဖန့်ဖြစ်ဖြစ် ဘာမှ မလုပ်ခဲ့ပါဘူး။ ဒီအမျိုးသမီးက ဘာလို့ မူးလဲတော့မလို ဖြစ်နေတာလဲ။ ဒါ့အပြင် ရာသီဥတုက ညီညွှတ်မျှတပြီး အေးမြသည်။ ဒါ့ကြောင့် သူမ အပူရှိန်ကြောင့် ဖြစ်နေတာတော့ မဟုတ်နိုင်ဘူး။

ထို့နောက် သူမသည် တစ်စုံတစ်ခုကို အမှတ်ရသွားသည်။ သူမက တောက်ပလင်းလက်သော အသွင်ဖြင့် မေးသည်။ "ဖန့် ဒါကို မင်းတို့ တရုတ်လူမျိုးတွေက ဖန်စီလို့ ခေါ်တာလား။"

ဖန်စီလို့ ပြောသည့် သူမ၏အသံထွက်သည် အံ့သြစရာကောင်းလောက်အောင် တိကျမှန်ကန်သည်။

ဖန့်ကျွင်းရုံရဲ့ နှုတ်ခမ်းတွေဟာ တွန့်ကွေးသွားလေသည်။ ကံကောင်းထောက်မစွာပင် ပိုင်ရှစ်ယွင်က မေ့လဲနေခဲ့ပြီဖြစ်သည်။ အကယ်၍ သူမသာ ဒီစကားကို ကြားလိုက်ရရင် သွေးအန်သွားမှာ သေချာပေါက်ပင်ဖြစ်သည်။ Duchess Capetသည် လူများအား စိတ်တိုဒေါသထွက်စေသော နေရာတွင် အလွန်ထက်မြက်သည်မှာ သေချာသည်။

"စိတ်မပူပါနဲ့။ ငါတို့အားလုံး ရှင်းရှင်းလင်းလင်း မြင်ကြတာပဲ။ နင် သူမကို လုံးဝ မထိခဲ့ဘူးလေ။ ငါတို့အားလုံး နင့်ရဲ့သက်သေတွေ ဖြစ်ပေးနိုင်ပါတယ်။"

ဖန့်ကျွင်းရုံက အပြုံးလေးဖြင့် "ကျေးဇူးပါပဲ" လို့ ပြောလိုက်သည်။

"ဒါမှမဟုတ် သူမက နင့်ကို ပိုက်ဆံမပေးချင်လို့လား။"

ဖန့်ကျွင်းရုံသည် Duchess Capetက သူမ မိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်သည်မှာ ကံကောင်းတယ်လို့ ခံစားလိုက်ရသည်။ မဟုတ်ရင် ဒီပါးစပ်ကြောင့် သူမ ဘယ်ပြန် ညာပြန် အရိုက်ခံရမှာ သေချာသည်။ မြေပြင်ပေါ် လဲကျသွားသော ပိုင်ရှစ်ယွင်ကို ကြည့်ကာ "သူမရဲ့ အရှုံးကို သူမကိုယ်တိုင် လက်ခံနိုင်ဖို့ ခက်ခဲတယ်လေ" လို့ တိုးတိုးလေး ပြောလိုက်သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now