Ch-204

849 99 0
                                    

အခန်း(၂၀၄) - သူမကို လိုက်လံပိုးပမ်းနေသမျှ တစ်ချိန်လုံးဟာ ဟာသတစ်ခုပဲ ဖြစ်ပေသည် (၂)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ဖန့်ကျွင်းရုံသည် ပျားတစ်ကောင်ကဲ့သို့ အလုပ်များနေသလို သူမ သမီးဖြစ်သူ လီရှင်းယွင်သည်လည်း သူမရဲ့ ကျောင်းအားလပ်ရက်ကို စတင်ခဲ့ပြီဖြစ်သည်။

လီရှင်းယွင်သည် အချိန်မီ ထုပ်ပိုးပြီးစီးသွားပြီး ကျုံးရီ လာကြိုမှာကို ပျင်းရိစွာ စောင့်ဆိုင်းနေခဲ့သည်။ ဤသည်မှာ အမျိုးသမီးအိပ်‌ဆောင်ဖြစ်ပြီး သူမ၏ သက်‌တော်စောင့်မျာသည် အတွင်းသို့ မဝင်လာနိုင်သလို သူမလည်း အထဲသို့ ဝင်မလာစေချင်ပါ။

အဆောင်နေသူတွေက သူမရဲ့ နောက်ခံဘဝအကြောင်းကို လုံးဝ မသိရှိကြပါဘူး။ သူမရဲ့ နောက်ခံဘဝအကြောင်းကို သိရှိကြတဲ့ သူမနှင့် အထက်တန်း အတူတူတက်ခဲ့ကြသူများနှင့် ကောလိပ်အတူတူ မတက်ခဲ့ဘူး။ သူမနှင့် ပတ်သက်၍ တစ်စုံတစ်ရာကို သိသောသူမှာ ကျိုးရွှယ်တစ်ဦးတည်းသာ ဖြစ်ပြီး သူမသည် အတင်းစကားဖြန့်မယ့်သူ မဟုတ်ပေ။ ထို့ကြောင့် သူမသည် ချမ်းသာသော မိသားစုမှာ ဖြစ်ကြောင်းကို သိရှိပြီး သူမ၏ ပိုင်ဆိုင်မှုများမှာ မနည်းမှန်း သိရှိသော်လည်း သူမ မည်မျှ ချမ်းသာကြွယ်ဝကြောင်းကို အတိအကျ မသိရှိခဲ့ကြပါ။ သူမ၏ နာမည်အောက်တွင် ယွမ် သန်းပေါင်းများစွာ ရှိပေသည်။

"လီရှင်းယွင်"

တစ်ယောက်ယောက်က သူမနာမည်ခေါ်လိုက်သံကို ကြားလိုက်ရသည်။

လီရှင်းယွင်သည် ပေါ်တီကိုဖက်သို့ လျှောက်သွားပြီး မှန်ပြောင်းတစ်စုံကို ဆွဲထုတ်ကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူမ၏ အိပ်‌ဆောင် အဆောက်အဦးရှေ့တွင် အလွန်ချောမောသော လူငယ်လေးတစ်ယောက် ရပ်နေသည်။ ဆံပင်ရွှေရောင်ဆိုးထားပြီး ပလေးဘွိုင်းတစ်ယောက်လို အပြုံးမျိုးကို တပ်ဆင်ထားသည်။

သူ ဘယ်သူလဲဆိုတာကို သူမ သိသည်။ သူက စီးပွားစီမံမှ ကုန်းယိလင်းဖြစ်သည်။

လီရှင်းယွင်ရဲ့ မျက်နှာဟာ ချက်ချင်း ပျက်ယွင်းသွားပြီး အောက်ထပ်မှ ထိုလူအား လျစ်လျူရှုကာ သူမအခန်းထဲသို့ ချာကနဲ လှည့်ဝင်သွားသည်။ ကုန်းယိလင်းက သူမကို အသေအလဲ ပိုးပမ်းနေတာက စိတ်ပျက်ငြီးငွေ့စေခဲ့သည်။ သူက သက်သေပြဖို့ ကြိုးစားနေသလိုမျိုး သူမကို ဘာ့ကြောင့်များ စိတ်အားထက်သန်စွာ လိုက်လံပိုးပမ်းနေခဲ့တာလဲဆိုတာကို သူမ နားမလည်နိုင်ဘူး။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now