Ch-235

917 110 3
                                    

အခန်း (၂၃၅) - ကျန်းယာ့ကောသည် နေရာ၌ပင် အေးခဲသွားသည်၊ သူမရဲ့ အကြီးမားဆုံး အကြောက်တရားသည် နောက်ဆုံးတွင် ဖြစ်သွားခဲ့သည် (၁)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

သတင်းတွင် ကြော်ငြာထားသော ကျောက်စိမ်းဖြူဆေးခရင်မ်နဲ့ အဆိပ်အတောက်ဖယ်ရှားဆေးလုံးသည် ချက်ချင်းဆိုသလို အောင်မြင်ကျော်ကြားသွားခဲ့သည်။ ရုတ်တရတ်၊ အွန်လိုင်းပေါ်တွင် လူတိုင်းနီးပါးက ဒီဆေးဝါးအသစ်နှစ်မျိုးအကြောင်းကို ပြောဆိုနေခဲ့ကြသည်။ တစ်ယောက်ယောက်က ဒီဆေးဝါးအသစ်နှစ်မျိုးအကြောင်းကို မဆွေး‌နွေးရင် ခေတ်‌နောက်ကျသလို ခံစားရပုံပေါ်သည်။ အင်တာနက်သုံးစွဲသူများကြားတွင် လူအချို့က သတင်းဌာနက ဒီသတင်းကို မမှန်မကန် ထုတ်ပြန်မှာ မဟုတ်ဘူးလို့ ယုံကြည်ကြပြီး အချို့ကတော့ သံသယရှိနေကြသည်။

ကောယွမ်ကော်ပိုရေးရှင်းရဲ့ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်သည့်အချိန်အထိ ဤကဲ့သို့ စကားစစ်ထိုးမှုများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ကောယွမ်ကော်ပိုရေးရှင်းသည်‌ ဆေးဝါးအသစ်နှစ်မျိုးကို စမ်းသပ်သုံးစွဲခဲ့သည့် စစ်မှုထမ်းဟောင်းများစွာကို သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးရန် ဖိတ်ကြားခဲ့သည်။ သူတို့အားလုံးဟာ ဆေးဝါးအသစ်နှစ်မျိုးကို စမ်းသပ်အသုံးပြုသည့်အချိန်မှစ၍ အဆင့်တစ်ခုစီ၏ ပြောင်းလဲမှုများကို မှတ်တမ်းတင်ထားခဲ့ပြီး ကောယွမ်ကော်ပိုရေးရှင်းက ထိုမှတ်တမ်းများကို ဗီဒီယိုအဖြစ် ပြောင်းလဲကာ သတင်းစာရှင်းလင်းပွဲတွင် ပြသခဲ့သည်။ ဒီအချက်အလက်တွေဟာ အကောင်းဆုံးသက်သေဖြစ်တယ်ဆိုတာ ယုံမှားသံသယရှိစရာ မလိုဘူး။

ဒီဆေးဝါးအသစ်နှစ်မျိုးရဲ့ ဆေးညွှန်းများကို ပံ့ပိုးပေးသူအဖြစ် ဖန့်ကျွင်းရုံသည်လည်း ဒီသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။ ဒါပေမယ့် လူထုအမြင်ကို အရမ်းဆွဲဆောင်မိမှာကို စိုးရိမ်သောကြောင့် သူမသည် ဒီသတင်းစာရှင်းလင်းပွဲသို့ ရှယ်ယာရှင်အဖြစ်သာ တက်ရောက်ခဲ့ပါသည်။

ဖန့်ကျွင်းရုံသည် သတင်းထောက်တိုင်းရဲ့ မေးခွန်းတိုင်းကို နှိမ့်ချသော သဘောထား၊ လှပကြော့ရှင်းသော အသွင်အပြင်ဖြင့် စည်းစနစ်တကျ ဖြေကြားခဲ့ပြီး အခြားပြန်ကြားသူများကြားတွင် သူမဟာ တကယ့်ကို ပေါ်လွင်ထင်ရှားနေခဲ့သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now