Ch-229

587 83 0
                                    

အခန်း (၂၂၉) - ဘော့စ်ကုသည် သူ့ရှေ့ရှိ ဖုန်းမျက်နှာပြင်ပေါ်မှ အရမ်းစိတ်ပျက်စရာကောင်းလောက်အောင် ရင်းနှီးကျွမ်းဝင်နေသော ဆေးဝါးများကို စိုက်ကြည့်နေခဲ့သည် (၁)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ဦးလေးသဲ့သည် ကျန်းမျိုးနွယ်စုအတွင်း အဆင့်အတန်း မြင့်မားတဲ့လူတစ်ဦး မဟုတ်ပေမယ့် သူက အသက်ဝါကြီးမျိုးဆက် ဖြစ်သောကြောင့် ကျန်းမျိုးနွယ်စုအတွင်းရှိ လူအများစုက သူ့ကို လေးစားကြသည်။ သူက အမြဲတမ်း မျိုးနွယ်စုခေါင်းဆောင်ပင်လျှင် သူ့ကို‌ လေးစားကြောင်း အမြဲ ဂုဏ်ယူဝင့်ကြွားခဲ့သည်။ အခုအခါ မျိုးနွယ်စု အပြင်ဖက်ရှိ တစ်စုံတစ်ဦးက သူ့ကို စော်ကားနေသဖြင့် သူက ဒေါသအထွက်လွန်ပြီး ထိုနေရာ၌ပင် ချက်ချင်း သေဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။ ဖန့်ကျွင်းရုံက ပိုက်ဆံချမ်းသာပေမယ့် သူ့မျက်လုံးထဲမှာတော့ အရေးပါတဲ့သူတစ်ယောက် မဟုတ်ပေ။

"မင်း၊ မင်း..."

ဖန့်ကျွင်းရုံက သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "စကားထစ်တာနဲ့ ပတ်သက်ပြီး ရှင့်မှာ ပြဿနာရှိရင် ဆရာဝန် သွားပြကြည့်သင့်တယ်။ အဲ့တာဆို ရှင့်ကိုယ်ရှင် အရှက်ခွဲသလို မဖြစ်တော့ဘူးပေါ့။"

"မဒမ်ဖန့်၊ ဦးလေးသဲ့က မင်းထက် ဝါကြီးတဲ့ မျိုးဆက်ကလေ။ သူ့ကို ရိုရိုသေသေ ပြောရတာ မှန်တယ်လို့ မင် မထင်ဘူးလား။" သူ့အသက်ပတ်ဝန်းကျင်လောက်ရှိသည့် ကျန်းကျစ်ယန်ဖက်မှ အခြားအမျိုးသားတစ်ဦးကလည်း ဝင်ပြောလာခဲ့သည်။

ဖန့်ကျွင်းရုံက သူ့ကို အသာပြုံးပြလိုက်သည်။ "သူတို့က အသက်အရွယ်ကြောင့် သူတို့ လုပ်ချင်ရာကို လုပ်နိုင်တယ်လို့ ထင်နေတဲ့သူတွေကို ငါ မလေးစားနိုင်ဘူး။ ငါက စျေးပေါတာမျိုးတွေကို မလိုချင်ဘူး။"

ကျန်းကျစ်ယန်သည် သူ့ပတ်ဝန်းကျင်ရှိ သူ့ရဲ့ ဝက်လို အသင်းဖော်တွေက သူ့ကို အတွင်းဒဏ်ရာ ရရှိစေရန် ကြိုးပမ်းနေသလို ဖြစ်နေသဖြင့် ဒေါသစိတ်ကို မထိန်းနိုင်ပဲ အော်လိုက်သည်။ "တော်တော့၊ မင်းတို့အားလုံး စိတ်လျှော့ကြပါ။"

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now