Ch-237

548 80 0
                                    

အခန်း (၂၃၇) - ကျန်းယာ့ကောသည် နေရာ၌ပင် အေးခဲသွားသည်၊ သူမရဲ့ အကြီးမားဆုံး အကြောက်တရားသည် နောက်ဆုံးတွင် ဖြစ်သွားခဲ့သည် (၃)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

တချို့မှာ တခြား ရူးသွပ်နေသည့် အတွေးကိုယ်စီ ရှိကြသည်။ တခြားသူတွေက ဆေးညွှန်းကို မသိကြပေမယ့် ဖန့်ကျွင်းရုံကတော့ သေချာပေါက် သိမှာပဲ။ အကယ်၍ သူတို့က သူမနဲ့ လက်ထပ်လိုက်မယ်ဆိုရင် ပိုက်ဆံရော လူရော မရနိုင်ဘူးလား။ ဒါ့အပြင် ဖန့်ကျွင်းရုံက အသက်နည်းနည်းလောက် ကြီးပေမယ့် မိန်းမလှတစ်ဦးဖြစ်ပြီး အလွန်ကြည့်ကောင်းသည်။

ကျန်းပိသည် ထိုပုဂ္ဂိုလ်များရဲ့ အသွင်အပြင်ကို တစ်ချက်ကြည့်ရုံနဲ့ သူတို့အတွေးတွေကို အနည်း အများတော့ ခန့်မှန်းမိခဲ့သည်။ ကျန်းပိသည် တစ်ယောက်တည်းကြိတ်ပြီး လှောင်ရယ် ရယ်မိသည်၊ ဒီလူတွေက ဖန့်ကျွင်းရုံရဲ့ ပညာပြမှုကို ခံရဖို့ လိုအပ်သည်။ ဖန့်ကျွင်းရုံသည် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် ယုံလွယ်သည့် မိန်းကလေးမျိုး မဟုတ်ပေ။ သူမရဲ့ သမီးဖြစ်သူကတောင် သူမနှင့် သက်တူရွယ်တူတွေထက် ကိုင်တွယ်ရ ပိုခက်ခဲသည်။

သူ့မှာ ဒီလိုမျိုး အချိန်တွေရှိနေရင် လီရှစ်ကျီနဲ့ အချိန်ဖြုန်းတာက ပိုကောင်းလိမ့်မည်။ ကျန်းယာ့ကောက သူ့ကို ဒီလောက် အချိန်အကြာကြီး လှည့်စားနိုင်ခဲ့တာကို ကြည့်ရင် သူက ဦးနှောက်မရှိသူ ဆိုတာ သိသာပါသည်။ သေချာတာကတော့ သူ လီရှစ်ကျီနဲ့ အလွယ်တကူ မိတ်ဖွဲ့နိုင်လိမ့်မည်။

***

ကျန်းယာ့ကောသည် အွန်လိုင်းပေါ်တွင် ဖန့်ကျွင်းရုံရဲ့ သတင်းတွေကို ရှာဖွေကြည့်နေခဲ့သည်။ ဖန့်ကျွင်းရုံကို အလွန်အကျူး မြှောက်ပင့်ထားတဲ့ ချီးကျူးစကားတွေက သူမမျက်လုံးကိုပင် နာကျင်စေသည်။ ပိုမို ဝမ်းနည်းစရာ ကောင်းတာက အရင်က ကျန်းပိ သူမကို လက်ဆောင်ပေးခဲ့သည့် ကျောက်စိမ်းဖြူဆေးခရင်မ်ကို ကောယွမ်ကော်ပိုရေးရှင်း လက်အောက်က ဆေးဆိုင်တွေမှာ ၈၈၈ယွမ်နှင့် ဝယ်ယူနိုင်ကြောင်း‌ တွေ့လိုက်ရသည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now