Ch-234

598 88 0
                                    

အခန်း (၂၃၄) - ဒီအခိုက်အတန့်၌ သူ့နှလုံသားထဲမှာ နတ်မိမယ်ဟာ သေဆုံးသွားခဲ့ပြီ (၃)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

"ဆရာဖန့်"

"ဘာပြောစရာ ရှိသေးလို့လဲ။" ဖန့်ကြွယ်မင်က သူအတွေးလွန်နေရာမှ ပြန်သတိရလာပြီး မေးမြန်းလိုက်သည်။

ရှောင်လီက သူမအသံကို လျှော့ချလိုက်ပြီး "မနေ့တုန်းက သတင်းနဲ့ ဒီမနက် ကောယွမ်ကော်ပိုရေးရှင်းက ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲကို ရှင် ကြည့်လိုက်ရလား။"

အလုပ်ကို အကောင်းဆုံး လုပ်တတ်သည့် သရုပ်ဆောင်တစ်ဦးအနေဖြင့် ဖန့်ကြွယ်မင်သည် ရိုက်ကူးရေးလုပ်နေစဥ် အချိန်အတွင်းမှာ အခြေခံအားဖြင့် ပြင်ပကမ္ဘာမှ အနှောင့်အယှက်အားလုံးကို ဖယ်ရှားထားပြီး သူ လက်ရှိ လုပ်နေသည့် အလုပ်တစ်ခုတည်းကိုသာ အာရုံစူးစိုက်ထားခဲ့သည်။

ရှောင်လီရဲ့ အလေးအနက် ဖြစ်နေသည့် အမူအရာကို တွေ့လိုက်ရတော့ သူက "ဘာအကြောင်းမို့လဲ၊ ကျွန်တော့်ကိုလည်း ပြောပြပါဦး။" ဟု စူးစမ်းမေးမြန်းလိုက်သည်။

"ကောယွမ်ကော်ပိုရေးရှင်းက ဆေးဝါးအသစ်နှစ်မျိုး ဖြစ်တဲ့ ကျောက်စိမ်းဖြူဆေးခရင်မ်နဲ့ အဆိပ်အတောက်ဖယ်ရှားဆေးလုံးတို့ကို မိတ်ဆက်ခဲ့တယ်။ အထူးသဖြင့် ကျောက်စိမ်းဖြူဆေးခရင်ကို လက်တွေ့ စမ်းသပ်မှု အများကြီး ပြုလုပ်ခဲ့ပြီး သူ့ရဲ့အာနိသင်က အံ့သြစရာကောင်းလောက်အောင် အကျိုးသက်ရောက်မှုရှိတယ်။ အထူးသဖြင့် သူက အရိုးအဆစ်ဒဏ်ရာ အပြင်းအထန်ရရှိထားသူတွေအတွက် အထူးကောင်းမွန်တယ်။"

"သူက အရိုးအဆစ်တွေကို တဖန် မွေးဖွားလာစေတယ်လို့ ပြောရင်တောင် မလွန်ဘူးလို့ ပြောကြတယ်။ သူတို့က ချဲ့ကားပြောဆိုပြီး ကြော်ငြာနေတာလို့ ကျွန်မ အမြဲတမ်း ထင်ထားခဲ့တာ။ ကျွန်မရဲ့ ဆွေမျိုးတွေက အဲ့တာက ချဲ့ကားပြောဆိုထားတာ မဟုတ်ပဲ တကယ် အစစ်အမှန်လို့ ကျွန်မကို အခိုင်အမာ ပြောပြခဲ့တယ်။ ရှင့်လက်ဒဏ်ရာ လုံးဝ မပျောက်ကင်းသေးဘူးဆိုရင် ရှင် တစ်ပုလင်းလောက် စမ်းသုံးကြည့်ပါဘား။" ရှောင်လီသည် ဖန့်ကြွယ်မင်က သူမရဲ့ သရုပ်ဆောင်မှုအပေါ် ရံဖန်ရံခါ ညွှန်ပြပေးတတ်တာကြောင့် သူ့ရဲ့ စိတ်ရင်းစေတနာကို သူမ အမှတ်ရစေခဲ့သည်။ သူမသည် ရိုးရှင်းသော စိတ်ထားရှိသူ တစ်ယောက် ဖြစ်ပေမယ့် ကျေးဇူးကန်းတတ်တဲ့သူ မဟုတ်ပေ။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now