Ch-216

730 101 0
                                    

အခန်း (၂၁၆) – "ရုပ်ရှင်ဧကရာဇ်ဖန့်ကြွယ်မင်က မင်းအဒေါ်အဖြစ် ဘယ်တုန်းစပြီး ဖြစ်သွားခဲ့ရတာလဲ" (၂)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ဒီနှစ်သစ်မှာ လီဝမ့်ကျင်း သို့မဟုတ် လီရှစ်ကျီတို့ မရှိကြဘူး၊ အမျိုးသမီးအနည်းငယ်ဟာ အတူစုရုံးပြီး ငြိမ်းချမ်းသာယာတဲ့အချိန်ကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသည်။

ဖန့်ကျွင်းရုံက နှစ်သစ်ကူးအကြိုနေ့မှာ ကောင်မလေးနှစ်ယောက် ဟုန်ပေါင်းအိတ်အနီတွေကိုတောင် ပေးလိုက်သေးသည်။

လီရှင်းယွင် ဟုန်ပေါင်းအိတ်ကိုယူပြီး ဖျစ်ကြည့်လိုက်သောအခါတွင် ကျောက်မျက် အပိုင်းအစတစ်ခုကို ကိုယ်တွယ်မိသကဲ့သို့ ခံစားလိုက်ရသည်။

သူမက ဟုန်ပေါင်းအိတ်ကို ဖွင့်ကြည့်ပြီး အိတ်အတွင်းကို ကြည့်လိုက်သည်။ ကျောက်စိမ်းအပိုင်းအစတစ်ခုဖြစ်ပြီး အဖြူရောင်ရောစွက်ပါဝင်သည့် ကျောက်စိမ်းမျိုးပင်။ အဖြူရောင်ကျောက်စိမ်းဟာ ချောမွတ်ပြီးတော့ သူ့ကို ဆုပ်ကိုင်ထားလျှင် နွေးထွေးမှုကို ခံစားရနိုင်သည်။ ကျောက်စိမ်းကို နှင်းဆီပန်းအသွင် ထွင်းထုထားပြီး နှင်းဆီပန်းပေါ်မှ ရေစက်တစ်စက်ကပင် ကျလုနီးပါး လက်ရာမြောက်လှသည်။ လီရှင်းယွင်ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့သည်။ သူမသည် ဒါလေးကို အရမ်းကြိုက်သွားပြီး ဆွဲသီးအနေဖြင့် အသုံးပြုမယ်လို့ ဆုံးဖြတ်ချက်ချလိုက်သည်။

ကျုံးရီအတွက် ကျောက်စိမ်းဆွဲသီးဟာ ပျိုနီပန်းပုံဖြစ်ပြီး အလွန်ချောမွတ်ကာ သူမနှင့် လုံးဝ လိုက်ဖက်ညီသည်။

ဒီကျောက်စိမ်းအပိုင်းအစနှစ်ခုစလုံးသည် ဖန့်ကျွင်းရုံ၏ နယ်မြေထဲ၌ ခဏတာမျှ ထားရှိခဲ့ပြီး သူတို့ကို အမြဲဆွဲထားလျှင် သူတို့ရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်ပေမည်။ ကျုံးရီအဖွားဖြစ်သူအတွက်မူ ဖန့်ကျွင်းရုံက သူမကို အစကတည်းကပင် တစ်ခု ပေးထားခဲ့ပြီးဖြစ်သည်။ ဖန့်ကျွင်းရုံသည် သူမ အရင်ဘဝတုန်းက ဇာတ်သိမ်းမကောင်းခဲ့သော အဖွားအိုအတွက် အခုအချိန်တွင် ငြိမ်းချမ်းသာယာသော ဘဝကို ရရှိစေလိုသည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now