Ch-246

315 46 0
                                    

အခန်း (၂၄၆) – "ငါ့မှာ တူမတစ်ယောက်ရှိမှန်း ငါက ဘာလို့မသိရတာလဲ" (၃)

ဖန့်ကျွင်းရုံတစ်ယောက် မျက်နှာပျက်သွားသည်။ အသက်ပြင်းပြင်းရှူလိုက်ပြီး ရဲကို ဖုန်းဆက်ခေါ်လိုက်သည်။

သားကောင်တွေက သူတို့ပိုက်ဆံ မထုတ်ခင်မှာပင် တစ်ခုခု မူမမှန်တာကို သတိပြုမိလိုက်သည့် ဖန့်ကျွင်းရုံက သူမရဲ့ ကိုယ်ရံတော်တွေကို တားမြစ်ခိုင်းပြီး လှည့်စားနေသူကို ရပ်တန့်ခိုင်းခဲ့သည်။

"မင်းတို့ ဘာလုပ်ဖို့ ကြိုးစားချင်နေတာလဲ။"

"အိုး... ဘာမှ မဟုတ်ပါဘူး။ ကျွန်မ ရှင်တို့ကို ကျွန်မနဲ့အတူ ရဲစခန်းကို အလည်အပတ်ခရီးလေး လိုက်စေချင်လို့လေ။" ဖန့်ကျွင်းရုံက တရုတ်လို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သူမ ပြောတာကို ကြားသောအခါ ထိုလူ ထိတ်လန့်သွားသည်။ "အခြားသူတွေအတွက် ထုတ်ကုန်တွေ ဝယ်ယူပေးတာ တရားမဝင်တဲ့ ကိစ္စရပ်မျိုး မဟုတ်ဘူး။ မင်း ဒီလို မလုပ်နိုင်ဘူး။ မင်းက ငါတို့ရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ချင်နေတာလား။"

သူမက ကျယ်လောင်စွာ အော်ဟစ်ပြီး ထွက်သွားချင်သော်လည်း ထွက်ခွာလို့ရမည့် နေရာတိုင်းကို ပိတ်ဆို့ခံထားရသည်။

ဖန့်ကျွင်းရုံက အေးစက်စွာ ပြောသည်၊ "မင်း ပြောတာ မှန်တယ်။ အခြားသူတွေအတွက် ထုတ်ကုန်တွေ ဝယ်ယူပေးတာ တရားဝင်ပေမယ့် ထုတ်ကုန်အတုတွေ ရောင်းချတာကတော့ တရားမဝင်ဘူး။"

"ငါတို့ရဲ့ ထုတ်ကုန်တွေကို အတုတွေလို့ နင် ဘယ်လို ပြောနိုင်တာလဲ။ ဒါတွေကို တရုတ်ပြည်က စက်ရုံကနေ ဝယ်ဖို့ ငါတို့ အများကြီး ကြိုးစားခဲ့ရတာ။ နင် ငါ့ကို ဒီလိုမျိုး အသရေဖျက်လို့ မရဘူး။"

"ငါ ဒါတွေအားလုံးကို ငါ့အဒေါ် ဖန့်ကျွင်းရုံဆီကနေ ဝယ်ယူခဲ့တာပါ။"

ဒီအမျိုးသမီးရဲ့ ခေါင်းမာမှုသည် ဖန့်ကျွင်းရုံကို အံ့အားသင့်စေခဲ့သည်။ ဒီလိုအချိန်မျိုးမှာတောင် သူမ ဘာအမှားမှ မလုပ်ထားဘူးလို့ အခိုင်အမာ ပြောနေတုန်းပါပဲ။ သူမကိုယ်တိုင် အမှားလုပ်မိတဲ့ ခံစားချက်မျိုးကို မခံစားခဲ့ရရုံသာမက သူမရဲ့ ဆွေမျိုးတစ်ဦးလို့တောင် ပြောလိုက်သေးသည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now