Ch-211

823 101 2
                                    

အခန်း (၂၁၁) - အခု တောင်းပန်ဖို့ အရမ်းနောက်ကျသွားပြီလား (၃)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ဒီအကြောင်းတွေကို ကြားလိုက်ရတော့ ကုန်းယိလင်းတစ်ယောက် လုံးဝ ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။ သူသည် ရေတပ်များကို ဝယ်ယူရန်အတွက် သူ့စုဆောင်းငွေများကို အသုံးပြုခဲ့ပြီး ရေတပ်များမှ လီရှင်းယွင်တို့နှစ်ယောက်အား ပြောဆိုနေတာကိုကြည့်ပြီး သူ အရမ်းစိတ်လှုပ်ရှားခဲ့သည်။ သူသည် အရံအကောင့်တစ်ခုဖြင့်ပင် မှတ်ချက်များ ရေးသားခဲ့ပြီး အမိုက်ဆုံး အကြမ်းတမ်းဆုံး စကာားများဖြင့် လီရှင်းယွင်အား ကိုယ်တိုင်ကိုယ်ကျ ပြောဆို‌ရေးသားခဲ့သည်။ အဲ့တာက အရမ်းကျေနပ်စရာကောင်းတယ်။

ဒါတောင် သူ ဒီနေရာမှာပဲ ရပ်ဖို့ မစဥ်းစားခဲ့ဘူး။ ဘွဲ့ရတဲ့အခါကျရင် သူ့မိသားစုရဲ့ ကုမ္ပဏီတွင် အခြေခံလစာ ယွမ်တစ်သောင်းဖြင့် အလုပ်ရမယ်လို့ အာမခံကာ သူ့ဌာနမှ စီနီယာအစ်ကိုတစ်ယောက်အား လာဘ်ထိုး၍ ပို့စ်တင်စေခဲ့သည်။

လီရှင်းယွင်ရဲ့ နာမည်ဂုဏ်သတင်း ပျက်စီးသွားလိမ့်မည်ဟု သူထင်ခဲ့သော်လည်း ခဏလေးအတွင်းမှာပင် အခြေအနေအားလုံး ပြောင်းပြန်လှန်သွားခဲ့သည်။

ဖန့်ကျွင်းရုံက လီရှင်းယွင်သည် သူမရဲ့သမီးရင်းဖြစ်ကြောင်း တိုက်ရိုက်ထုတ်ပြန်ခဲ့သည်။

ထို့အပြင် သူ့အရံအကောင့်သည် ဖန့်ကျွင်းရုံ၏ ရှေ့နေများထံမှ သတိပေးစာကို လက်ခံရရှိသည့် နာမည်စာရင်းတွင် ပါဝင်ခဲ့သည်။ သူ ဒုက္ခရောက်သွားမှာကို စိတ်ပူပင်ပြီး အလွန်စိုးရိမ်မိသည်။ အဆုံး၌ သူ့ကိုယ်သူ ကောင်းကောင်း မဖုံးကွယ်နိုင်ဘူးဆိုရင် သူ့ကို ရှာရလွယ်ကူပေလိမ့်မည်။

စက်ဆုပ်ဖွယ်ကောင်းသောစကားများအား ရေးသားဖို့ လုပ်နေရာမှ ထိုအတွေးသည် သူ့ကျောတစ်ခုလုံး အေးခဲသွားစေကာ မောက်စ်ကိုကိုင်ထားသော သူ့လက်များအား တုန်ယင်သွားစေခဲ့သည်။

ဒါတွေအားလုံးဟာ လီရှင်းယွင်ရဲ့ အမှားတွေပဲ။

သူမဟာ ဒီလောက်ချမ်းသာကြွယ်ဝတဲ့ မိသားစုက ဖြစ်နေတာကိုတောင် သူမက ဘာလို့ သာမန်လိုမျိုး နေရတာလဲ။ သူမသည် အခြားသူတွေကဲ့သို့ အိပ်ဆောင်၌ပင် နေထိုင်ခဲ့သည်။ သူ့မှာ အကြံမရှိတော့ဘူး။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now