Ch-202

907 107 0
                                    

Paid Gp စဆုံးပြီး

အခန်း(၂၀၂) - တစ်ခုခုပေါက်ကွဲသွားသလို သူမရဲ့ကမ္ဘာကို အမှောင်ထုကြီး ဝန်းရံသွားခဲ့သည် (၃)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

သူမရဲ့ ကျန်ရှိသော ကျောက်အရိုင်းတုံးနှစ်ခုသည် ပိုကောင်းသည် မဟုတ်ပေ။ ဒုတိယကျောက်အရိုင်းတုံးသည် သူ့မျက်နှာပြင်ပေါ်တွင် အရည်အသွေးကောင်းတဲ့ ‌ကျောက်စိမ်းအလွှာ ရှိပေမယ့် ဖြတ်လိုက်သည့်အခါမှာ အတွင်းထဲမှာ အရည်အသွေး မကောင်းမွန်တာကို မြင်နိုင်တယ်။ ဒါက အများဆုံး ယွမ် ဆယ်မီလီယံခန့်သာ တန်ကြေးရှိသည်။ သူမ လေလံဆွဲခဲ့သည့် ယွမ် ၉၈ မီလီယံနှင့် ဘယ်လိုမျှ မနှိုင်းယှဥ်နိုင်ပါဘူး။

တတိယတတစ်ခုသည် အလွန်ကြည်လင်သော်လည်း ကျောက်၏ တန်ဖိုးကို ဖျက်ဆီးသည့် အညစ်အကြေးများလွန်းသည်။

ပိုင်ရှစ်ယွင်သည် တတိယ ကျောက်အရိုင်းတုံးအတွက် ယွမ် မီလီယံ ၃၀၀ ကျော် သုံးစွဲခဲ့ပေမယ့် ဖြတ်တောက်ပြီးသည့်‌နောက်မှာ ကျောက်အရိုင်းတုံး တန်ဖိုးငွေရဲ့ အစွန်အဖျားလောက်ကိုသာ ပြန်ရခဲ့သည်။ သူမသည် အနည်းဆုံး ယွမ် မီလီယံ ၃၀၀ကျော် ဆုံးရှုံးသွားသည်ကို တွေးကာ အသက်ရှုမဝသလို ဖြစ်သွားသည်။ သူမအတွက် ရှော့ရစရာ အကောင်းဆုံးမှာ ဖန့်ကျွင်းရုံသည် သူမရဲ့ မည်သည့်ကျောက်အရိုင်းတုံးကမှ ပိုက်ဆံတွေကို မဆုံးရှုံးသွားစေခဲ့သည့်အပြင် ငွေအမြောက်အများကိုပင် ရရှိခဲ့သည်။

ဖန့်ကျွင်းရုံရဲ့ ဒုတိယကျောက်အရိုင်းတုံးသည် ရေခဲအမျိုးအစား ကျောက်စိမ်းဖြစ်ပြီး တတိယကျောက်အရိုင်းတုံးသည် ပို၍ပင် အံ့အားသင့်စရာကောင်းသည်။ ၎င်းသည် မြစိမ်းဖန်အမျိုးအစားဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း သိပ်မတွေ့ရတော့ပေ။

နူးညံ့တောက်ပပြီး ပြီးပြည့်စုံသည်။ အရွယ်အစားအရ အနည်းဆုံး လက်ကောက် ခြောက်ကွင်းခန့် ပြုလုပ်နိုင်သည်။

ဖန့်ကျွင်းရုံရဲ့ အနီးပတ်ဝန်းကျင်က လူတိုင်း အတော်လေး တုန်လှုပ်သွားကြသည်။ လူအများစုက သူမထံမှ ကံကောင်းခြင်းတွေကို ဝေမျှယူနိုင်အောင် သူမနှင့် လက်ဆွဲနှုတ်ဆက်ချင်နေကြသည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now