Ch-224

673 87 0
                                    

အခန်း (၂၂၄) – "ကျွန်မ အဲ့လို မပြောခဲ့ပါဘူး၊ ရှင် အိမ်မက်မက်နေတာပဲ ဖြစ်ရမယ်" (၁)

သူ့တူဖြစ်သူရဲ့ ဂုဏ်ကျက်သရေအားလုံးသည် ဖန့်ကျွင်းရုံမှ သူ့ကို ပေးအပ်ခဲ့သော ဆေးဝါးများပေါ် မူတည်နေသည်ကိုမသိပဲ ဘော့စ်စွင်းသည် သူ့တူဖြစ်သူအား ဖန့်ကျွင်းရုံအား သင်ခန်းစာပေးရန် စိတ်အားထက်သန်စွာ ပြောကြားနေခဲ့သည်။ ဖြစ်နိုင်ရင် သူမကို ဒေဝါလီခံသွားရစေမယ့် သင်ခန်းစာတစ်ခုကို ပေးသင့်သည်။ သို့မှသာ သူတို့သည် သူမရဲ့ပိုင်ဆိုင်မှုတွေကို လက်ဝါးကြီးအုပ် ရယူနိုင်မည်ဖြစ်သည်။

ကျန်းကျစ်ယန်သည် အမှန်တရာကို မပြောပြနိုင်ပဲ သူ့ဦးလေးရဲ့ တိုက်တွန်းချက်ကို ဒေါသထွက်စွာဖြင့် နားထောင်နေရသည်။ ကျန်းပိက ဖုန်းထပ်ဆက်ပြီး စမ်းသပ်မှုအတွက် ဆေးဝါးအားလုံး အသုံးပြုခဲ့ပြီး သူ့ဆီကနေ နောက်ထပ်ပုလင်းအချို့ ဝယ်ယူချင်ကြောင်း ပြောလာခဲ့သည်။

သူ့ဖုန်းခေါ်ဆိုမှုက အချိန်ကောင်း မဟုတ်ခဲ့ပေ။ ကျန်းကျစ်ယန်သည် ကျန်းပိအား အလွတ်မပေးခဲ့ပေ။ သူက ကျန်းပိအား အသုံးမကျသူလို့ ပြောဆိုခဲ့သည်။ သူတို့မိသားစုရဲ့ အသုံးမကျသော ဖုန်းဇီယဲ့ပင် လုပ်နိုင်လိမ့်မည့်အရာကို အခုထိ မစွမ်းဆောင်နိုင်သေးပေ။ သူ့မိသားစုကို ဆေးဝါးပညာရှင်မိသားစုလို့ မခေါ်ဆိုသင့်‌တော့ပဲ အမှိုက်မိသားစုလို့ခေါ်တာက ပိုကောင်းပေလိမ့်မည်။ ပြီးတော့ ကျန်းပိက သူ့ကိုယ်သူ ဥာဏ်ကြီးရှင်လို့ မခေါ်သင့်တော့ဘူး။ သူက တကယ်တော်တဲ့ ပါရမီရှင်တစ်ယောက် ဟုတ် မဟုတ် ဆိုတာကို သူ့ကိုယ်သူ ကောင်းကောင်းသိပေလိမ့်မည်။

ကျန်းကျစ်ယန်သည် ဆူပူကြိမ်းမောင်းပြီးနောက် နောက်ဆုံးတွင် သူ့စိတ်အခြေအနေ ပိုမိုကောင်းမွန်လာခဲ့သည်။

ဟုတ်ပါတယ်၊ သူသည် သိပ်မကြာသေးခင်က ဖန့်ကျွင်းရုံအား မထိသင့်သေးပေ။

သူ့မျက်လုံးထဲမှာ ရည်မှန်းချက်တစ်ခု ရှိသည်။ သူသည် သူ့ဦးလေးဖြစ်သူနှင့် ဒီလိုအသေးအမွှား ကိစ္စလေးတွေကို အချိန်မဖြုန်းသင့်ဘူး။ သူ ဒီထက် ပိုပြီး အမြင်ကျယ်ကျယ် ထားသင့်သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now