Chapter - 5

98.2K 4.6K 137
                                    

Unicode
~~~~~~~

လုဖန်ခေါ်ဆောင်သွားရာအရပ်က သူ့ရဲ့အခန်းဆီသို့ ။ လုဖန်ရဲ့ ခြေလှမ်းတွေက မမြန်ဆန်ပေ Cctv အပြည့်နဲ့ နန်းတော်ပမာ အိမ်တော်ကြီးအတွင်း၌ အဝတ်မပါသည့်သူတစ်ယောက်အဖို့ ပတ်ဝန်းကျင်အခြေအနေကို အကဲခပ်ကာ သွားနေရသည်မို့ အတော်လေးခက်ခဲနေသည် ။ နာကျင်ခြင်းကို သည်းခံ၍ ထိုနတ်ဆိုး၏အမိန့်အတိုင်း မနားတမ်းအနောက်မှ လိုက်လာခဲ့ရလေသည် ။

နောက်ဆုံးတော့ အခန်းတွင်းသို့ရောက်ရှိခဲ့ပြီ ။ ဒါဟာ လုဖန်အခန်းထဲကို ဒုတိယအကြ်ိမ်ရောက်ရှိခြင်းဖြစ်ပြီး ပထမတစ်ကြိမ်က ထွက်ပြေးရန်ကြိုးစားခဲ့သည်မို့ အခန်းကိုမကြည့်ဖြစ်ခဲ့ဘူး ။

ဒီတစ်ကြိမ်မှာတော့ ယွင်ရှန့်အခန်းထဲကိုရောက်သည်နှင့် အခန်းရဲ့အပြင်အဆင်တွေကိုငေးကြည့်နေရင်း ထိုသို့နတ်ပြည်အလား တိမ်တွေကြားထဲရောက်သွားသလို ခံစားနေရပြီး အံ့သြနေမိသည် ။

နံရံ အမိုး ကြမ်းပြင်အားလုံးဟာ အဖြူ ရောင်ချယ်ထားပြီး အိပ်ယာခင်းနဲ့ ပြတင်းပေါက်လိုက်ကာများကိုလဲ အဖြူ ရောင်ပိတ်များဖြင့် ပြင်ဆင်ထားသည် ။ ဒီလိုနတ်ဆိုးက ထိုသို့အဖြူ ရောင်ကို ကြိုက်လိမ့်မည်ဟု ယွင်ရှန့်ထင်မထားခဲ့ဘူး ။ ဒီလူမှာစိတ်နှစ်ခွရှိပြီး တစ်ခြမ်းကအဖြူရောင်ဖြစ်ကာ ကျန်တစ်ခြမ်းက မှောင်မိုက်နေတဲ့အနက်ရောင်ဖြစ်နေမလား ထင်မိသည် …

သူ့ကိုပိတ်လှောင်ထားတဲ့ အခန်းက တစ်ခုလုံးအနက်ရောင်ဖြစ်နေကာ ငရဲနဲ့တူနေပြီး ဒီနတ်ဆိုးရဲ့အခန်းကတော့ အဖြူ ရောင်ဖြစ်နေပြီး ငြိမ်းချမ်းခြင်းအငွှေ့အသက်များဆောင်ယူကာ နတ်ပြည်နှင့်တူလှသည် ။ အခန်းတစ်ခုလုံးက ရှင်းလင်းနေပြီး ပစ္စည်အများအပြားမရှိလှ ။ ရှိတဲ့အရာတိုင်းက သူ့နေရာနဲ့တူ သပ်သပ်ရပ်ရပ်ရှိနေသည် ။

အခန်းရဲ့မျက်နှာဆောင်မှာ ဝရံတာတစ်ခုရှိပြီး နံရံမှာ ပြတင်းပေါက်တစ်ခုရှိသည် ။ အဖြူရောင်လိုက်ကာကို ချထားပေမဲ့ အပြင်လောကရဲ့ တိုးဝှေ့တိုက်ခက်နေတဲ့ လေပြေအေးကြောင့် အဖြူရောင်လိုက်ကာစလေး အခန်းတွင်းသို့ လွင့်ပျံနေ၏ ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now