Chapter - 32

64.9K 3.5K 272
                                    

Unicode
~~~~~~~

အုံ့မှိုင်းပြီး တောအုပ်ပမာ ညို့မှိုင်းနေသည့် သစ်ပင်များ ဝန်းရံလျှက်ရှိနေသည့် ပတ်ဝန်းကျင်တစ်ခုအတွင်းမှာ ယွင်ရှန့်ရောက်ရှိနေ၏ ။  ဒါကအိမ်မက်နယ်မြေလား ။ ဒါမှမဟုတ် စိတ်ကူးယဉ်ကမ္ဘာတစ်ခုလားဆိုတာ သူမသိဘူး ။ ဒီနေရာကို သူမသိပေမဲ့ ရင်းနှီးနေသလို ခံစားနေရပြီး အရှေ့ကဖြောင့်ဖြူးနေတဲ့လမ်းလေးအတိုင်း လျှောက်လှမ်းလာခဲ့သည် ။

ထိုလမ်းလေးက ကြီးမားပြီး ရှေးဟောင်းနန်းတော်ကြီးပမာ ခန်းနားလှသည့် အိမ်တော်ကြီးထံ ဦးတည်နေပြီး လမ်းတစ်လျှောက်မှာလဲ ရောင်စုံပန်းပင်လေးများက လှပစွာ ပွင့်လန်းနေ၏ ။ ထိုပန်းပွင့်လေးတွေက လမ်းတစ်လျှောက် ကြွေကြနေပြီး ပန်းကတ္တီိပါခင်းထားသည့်အလား လှပကာတင့်တယ်လှသည် ။

သူက ထိုပန်းလေးတွေပေါ်ကနေ လျှောင်လှမ်းလာပြီး လက်နှစ်ဖက်ကို ဘေးဘက်သို့ ဆန့်တန်းလိုက်ပြီး ပျံသန်းတော့မည့် ငှက်တစ်ကောင်ပမာ ထိုလှပသည့် ပန်းကမ္ဘာကြီးထဲတွင် ပျော်မွေ့နေ၏ ။

' 🎹🎹🎹🎹🎶🎵🎶🎶🎵🎼🎵🎵🎶🎵🎼 '

ထိုစဉ် တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်အား ထိုးခွင်းဝင်ရောက်လာသည့်အသံတစ်ခုက ဝမ်းနည်းကြေကွဲဖွယ်ရာကောင်းလှသည့် တေးသွားတစ်ခု ……

" ဒါ …… ဒါက …… Piano သံစဉ် "

သူ့ရဲ့မျင်လုံးတွေကိုဖွင့်လိုက်တော့ ကြီးမားတဲ့ နန်းတော်လို အိမ်တော်ကြီးတစ်ခုအတွင်းသို့ရောက်ရှိနေ၏ ။  ဘယ်လိုရောက်သွားမှန်း သူမသိပေမဲ့ သူမြင်နေရတဲ့ မြင်ကွင်းက အနည်းငယ်တော့ ဆွေးမြေ့ဖွယ်ကောင်းလှသည် ။

အနက်ဝတ်လူများက ဘုရားသခင်အရှေ့မှာ ဦးညွှတ်ကာ ဆုတောင်းနေပြီး ထိုအရှေ့မှာတော့ လူတစ်ကိုယ်စာ ပုံတူပန်းချီကားတစ်ချပ်ရှိနေသည် ။ အားလုံးက ဝမ်းနည်းနေပြီး ယွင်ရှန့်ကို မြင်ပုံမပေါ်ဘူး ။ ယွင်ရှန့်ကလဲ ထိုလူတွေကိုဂရုမစိုက်ပဲ ပန်းချီကားထဲက လူအား အကဲခတ်ကြည့်လိုက်သည် ။

ထိုပုံက ဒီအိမ်တော်ကြီးရဲ့ သခင်ကြီးဖြစ်ဟန်တူ၏ ။ အသက်အရွယ်ကြီးရင့်နေပြီး ခေါင်းထပ်က ဆံနွယ်တွေက ဖြူ ဥကာ လွန်စွာကျက်သရေရှိလှသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now