Chapter - 93

38.2K 3.1K 222
                                    

Unicode
~~~~~~~

* ငါ … အိမ်မက်ဆိုးတွေမက်နေပြန်ပြီလား *

ဒါအိမ်မက်မဟုတ်မှန်း ယွင်ရှန့်ကောင်းကောင်းကြီးသိနေသည် ။ ထိုအချိန်က ပါးပြင်ပေါ်မှာ မျက်ရည်တွေက စိုစွတ်နေပြီး အသံထွက် မငိုမိစေရန် မနည်းထိန်းထားရသည် ။  ညက လုဖန်ရဲ့စကားသံတွေကို သူကောင်းစွာကြားနေရပြီး ရင်ဘက်ရဲ့အနက်ရှိုင်းဆုံးနေရာကနေ ဆူးအောင့်လာခြင်းကြောင့်ဖြစ်သည် ။  ယွင်ရှန့်နိုးထလာတော့ ကုတင်ပေါ်မှာ ရောက်ရှိနေ၏ ။ သူဘယ်လိုရောက်နေမှန်းမသိပေမဲ့ ဘယ်သူပို့ပေးလဲဆိုတာ မှန်းစရာပင်မလိုခြေ ။သူ့ရဲ့ဘေးမှာတော့ အေးဆက်ဆက်အိပ်ယာတစ်ခုသာ ရှိနေပြီး လုဖန်ရှိမနေတော့ခြေ ။

' တောင် .… တောင် …  '

ဖုန်းမည်သံကြောင့်ကြည့်လိုက်တော့ သူ့အိပ်ယာဘေးက စာပွဲပေါ်တင်ထားသည့် လုဖန်ဖုန်းကဖြစ်နေ၏ ။ ယွင်ရှန့်မကြည့်ရန်ဆုံးဖြတ်ထားပေမဲ့ စာတွေဆက်တိုက်ဝင်လာခြင်းကြောင့် ဖုန်းကိုယူကာ ကြည့်လိုက်သည် ။ ကုဒ်နံပါတ်ခံမထား၍ လွယ်ကူစွာဖြင့်ကြည့်နိုင်ခဲ့သည် ။အထဲမှာ ရေးထားသည့်စာတွေက ……

" မြေးလေး ရှောင်လုဖန် မင်းဘယ်အချိန်ကတည်းက ထွက်ပြေးသွားတာလဲ ……အဖွားကို ခုချက်ချင်ပြန်ဆက်သွယ်ပါ ……မင်းရဲ့အနာဂတ်ကို ဘာမဟုတ်တဲ့လူတစ်ယောက်အတွက်နဲ့ လဲလှယ်မယ်လို့ လာမပြောနဲ့ ……မင်းတို့ရဲ့ပျော်ရွှင်မှုက တာရှည်ခံမှာမဟုတ်ဘူး ……မြေးလေးအဲ့လိုဘဝမျိုးမှာ နေနိုင်မယ်ထင်နေတာလား ……သူကရော ပျော်ရွှင်မှုကလွဲပြီး မြေးလေးကိုဘာလုပ်ပေးနိုင်မှာလဲ ……သူကယောက်ျးတစ်ယောက် မြေးလေးအတွက် မိသားစုကိုသူဖန်တီးမပေးနိုင်ဘူး …… ခနတာပျော်ရွှင်မှုအတွက်နဲ့ အမှားတွေမလုပ်ချင်စမ်းပါနဲ့မြေးလေးရယ် …… မဆင့်အတန်းချင်းမတူညီတဲ့လူတစ်ယောက်ကိုယူပြီး မပြည့်စုံတဲ့ဘဝမျိုးမှာ မြေးလေးဒုက္ခရောက်နေမှာကို မကြည့်ရက်နိုင်ဘူး ……ရှောင်လုပ်ငန်းစုကြီးကို ဦးဆောင်ရမဲ့မြေးလေးက အချေခံမရှိစုတ်ပြတ်နေတဲ့ သူတို့ဘဝနဲ့မတန်ဘူး ……ခုချက်ချင်းပြန်လာပါ … မလာရင်လူလွှတ်ပြီး လာခေါ်ခိုင်းမယ် … ခုနေတဲ့နေရာကို မရရအောင်စုံစမ်းပြီး လာခေါ်မယ် "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now