Chapter - 35

66.4K 3.4K 491
                                    

Unicode
~~~~~~~

တတိယနှစ် ကျောင်းဖွင့်ရန်အတွက် ၁၅ ရက်ခန့်မျှသာလိုတော့သည် ။ ဒီတစ်လအတွက် ယွင်ရှန့်ဘဏ်အကောင့်ထဲမှာ အကြွေးရဲ့တစ်ဝက် ရောက်ရှိနေပြီဖြစ်၍ ကျောင်းဆက်တက်ရန်အတွက် သေချာသွားခဲ့ပြီ ။

သို့ပေမဲ့ ပေးဆပ်မှုကတော့ ရှိနေသည် ။ ဒီတစ်လလုံး လုဖန်ရဲ့အမိန့်ကို နာခံရန်နှင့် အချိန်အကန့်အသပ်မရှိ Play ရန်သဘောတူညီမှုယူပြီးမှ လုဖန်က ငွေကို တရားဝင်လွှဲပေးခဲ့သည် ။

ကံကောင်းတာက အိမ်တော်မှာသခင်မကြီးလဲရှိနေပြီး အကိုဖြစ်သူလဲရှိနေတော့ ယွင်ရှန့်နှင့် အချိန်ပြည့် Play ရန်မပြောလေနှင့် ညအိပ်သည့် အခါများတွင် သခင်မကြီးကအခန်းခွဲပေးထားသည် ။ ယွင်ရှန့်က အောက်ထပ်အခန်းမှာအိပ်ရပြီး လုဖန်နှင့် တွေ့ခွင့် မပေးခြေ ။

ယွန်းဂျယ်က လုဖန်အား အပြင်ခေါ်ခေါ်သွားပြီး သူမနှင့် အချိန်ကုန်စေ၍လဲ ယွင်ရှန့်အတွက် ငရဲခန်းကြီးကနေ လွတ်မြောက်နိုင်ခဲ့သည် ။ လုဖန်ကလဲ မိခင်သဘောအတိုင်း သူမနှင့် အချိန်ကုန်ဆုံးခဲ့သည် ။

ယွန်းဂျယ်ဟာ ဒီဇိုင်နာတစ်ယောက်ဖြစ်လို၍ လုဖန်အဒေါ်ဖြစ်သူ ရှောင်လီလီထံတွင် လေ့လာသင်ယူနေသူလဲဖြစ်သည် ။  ဒီတစ်ပတ်လုံးလဲ လုဖန်ရဲ့အဒေါ်ဖြစ်သူ ရှောင်လီလီက အိမ်ကိုအမြဲလာပြီး ယွင်ရှန့်ကို သူ့ရဲ့ဝတ်ဆုံဒီဇိုင်းကြော်ငြာအတွက် မော်ဒယ်လုပ်ပေးရန် ကမ်းလှမ်းနေ၏ ။

ဒါကိုယွင်ရှန့် ငြင်းဆန်ချင်ပေမဲ့ သူ့ရဲ့ဟန်ဆောင်မှုကို ဖော်ထုပ်မည်ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ အကြပ်ကိုင်ခံနေရသည် ။ ယွင်ရှန့်အမှန်တရာပေါ်သွားရင် ဒီအိမ်တော်ကနေ နှင်ချခံရပြီး ငရဲခန်းကနေ လွတ်မြောက်နိုင်ပေမဲ့ ကျန်ရှိနေတဲ့အကြွေးတစ်ဝက်ကြောင့် လုဖန်က တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ သူတို့မိသားစုကို ဒုက္ခပေးမည်ကို ယွင်ရှန့်သိနေသည် ။

ဒီအကြွေးတွေ ကြေပြီးမှ ရှောင်အိမ်တော်ကြီးနှင့် အဝေးဆုံးကိုထွက်သွားပြီး ဖြစ်ပျက်ခဲ့သမျှ အရာတွေကို အိမ်မက်ဆိုးတစ်ခုလို မေ့ပျောက်ပြစ်ရန် စိတ်ဆုံးဖြတ်ထားသည် ။ လုဖန်က ယွင်ရှန့်ကို Piano တီးသင်ပေးပြီးနောက်ပိုင်းမှာ သူ့ရဲ့ပုံစံက အရင်ကနဲ့မတူအောင် ပြောင်းလဲသွားပုံကို ယွင်ရှန့်ခံစားမိလာသည် ။ ဒါက သူ့ရဲ့ ယွင်ရှန့်မသိတဲ့ ပုံစံတစ်မျိုးလား ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now