Chapter - 25

87.8K 5.8K 1.1K
                                    

Unicode
~~~~~~~

ယီရှင်း Korea စစရောက်ခြင်း ဟေးယောင်ခေါ်ဆောင်သည့် အနောက်သို့ အသာတကြည်လိုက်လာခဲ့သည် ။  ဟေးယောင်က သူလက်ဆောင်ပေးထားသည့် ဝတ်ဆုံကို ယီရှင်းဝတ်လာသည့်အတွက် အရမ်းကိုပျော်နေ၏ ။ အဖြူ ရောင်ကားလေးဖြင့် ဆိုလ်းမြို့ရဲ့ နာမည်အကြီးဆုံး ဟော်တည် ကနေ ပွဲကျင်းပမည့်နေရာသို့ ဦးတည်ကာ မောင်းနှင့်လာခဲ့သည် ။

အချိန်အားဖြင့် နေ့လည် 3 နာရီဖြစ်ပြီး နေ လည်စာကို ရှန်ဟိုင်းက အိမ်မှာ စားလာပြီးပြီဖြစ်၍ စားသောက်ဆိုင်ကို မဝင်တော့ပဲ ပွဲကျင်းပရန် ပြင်ဆင်ထားသည့် ကလပ်သို့ ထွက်ခွာလာခဲ့သည် ။ အပြင်အဆင်များက အရမ်းမဆန်းသစ်သော်လဲ လှပနေသည် ။  ဖိတ်ခေါ်ထားခြင်းခံရသည့် နိုင်ငံအရပ်ရပ်က မိတ်ဆွေသူငယ်ချင်းတချို့က ရောက်နှင့်နေကြပြီ ။

ဟေးယောင်အထဲကိုဝင်လာတော့ အားလုံးက ဖက်၍ ဖော်ရွှေစွာ နှုတ်ဆက်နေကြပုံကိုကြည့်ရင် ဟေးယောင်ဟာ လူချစ်လူခင်ပေါပြီး ပျော်ပျော်နေတတ်သည့် သူဆိုတာကို မပြောလဲသိနိုင်သည် ။ဟေးယောင်က ယီရှင်းလက်အားဆွဲကာ ဝင်လာချင်သော်လဲ ဒီကိုမလာခင်က ယီရှင်းသူ့ကို ပြောခဲ့သည့်စကားတွေကြောင့် မကိုင်ပဲ အနောက်မှလိုက်လာခွင့်ပေးလိုက်ရသည် ။

ထိုစကားက သူ့ရဲ့မိတ်ဆွေတွေအရှေ့မှာ အရေးတယူ ဆက်ဆံတာမျိုး မိသားစုနဲ့မိတ်ဆက်ပေးတာမျိုး လက်ကိုင် ပခုံးဖတ်တာမျိုး မလုပ်ရန်ဖြစ်သည် ။ ကလပ်အတွင်းကိုရောက်တော့ ယီရှင်းကို စားပွဲတစ်ခုအပေါ်သို့ထိုင်စေကာ သောက်စရာယူလာ၏ ။ သူက ခွက်တစ်ခုကို ယီရှင်းထံလှမ်းပေးရင်း ဆိုလိုက်သည် ။

" ရှင်း …… ဒါက စပြစ်ဝိုင် …… အမေရိကန်ကလာတာလေ …… ကိုယ့်သူငယ်ချင်းတစ်ယောက် လက်ဆောင်ယူလာတာ …… သောက်ကြည့်လိုက် "

ယီရှင်းက ခွက်ကိုလှမ်းယူလိုက်ပြီး ……

" ကျေးဇူးပဲ "

ဟေးယောင်လဲ ပြုံးပြပြီး ယီရှင်းအရှေ့မှာ ဝင်ထိုင်လိုက်သည် ။  ဒီနေ့မွေးနေ့ရှင် ဟေးယောင်က အပေါ်အောက် အဖြူ ရောင်ကိုဝတ်ဆင်ထားပြီး အဝါရောင်ဆံပင်များကို သပ်ရပ်အောင် ပြင်ဆင်ထားခြင်းကြောင့် တည်တန့်ပြီး အားလုံးထဲမှာ ပေါ်လွင်နေ၏ ။ သူတို့၂ ယောက်ဟာ စကားမဆိုပဲ အတန်ကြာထိုင်နေပြီးမှ ဟေးယောင်ဖိတ်ခေါ်ထားသည့် မိတ်ဆွေတွေ ရောက်သည့်အခါ ဟေးယောင်က ထပြီးနှုတ်ဆက်နေ၏ ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now