Chapter - 88

35.7K 3.2K 226
                                    


Unicode
~~~~~~~

ခါတိုင်းဆို နံနက်ခင်းနေရောင်ခြည် မျက်နှာထက်တွင်ဖြာကျလာသည်နင့် ယွင်ရှန့်အိပ်ယာမှနိုးထလေ့ရှိသည် ။  ဒိနေ့မှာတော့ နေရောင်ခြည်ကို တစ်စုံတစ်ရာက ကာကွယ်ပေးထားခြင်းကြောင့် ယွင်ရှန့်ဘယ်အချိန်ထိ အိပ်မောကျသွားလဲမသိ ခေါင်းများထိုးကိုက်လာမှ အိပ်ယာထရန်အသိဝင်လာခဲ့သည် ။ သူထမည်ကြံရွယ်မိတိုင်း တစ်စုံတစ်ရာက သူ့ခါးလေးအား ဖက်သွယ်ထာပြီး ကိုယ်တစ်ခုလုံးချုပ်နှောင်ထားခြင်းခံရသလို လှုပ်ရှာ၍မရဖြစ်နေ၏ ။

ယွင်ရှန့်ဘေးဘက်သို့ စောင်းငဲ့ကာ မျက်လုံးဖွင့်ကြည့်လိုက်တော့ နီးကပ်နေသည့် မျက်နှာတစ်ခုက စီးကြိုနေပြီး စူရှနေသည့် မျက်ဝန်းတစ်စုံက သူ့အား ဝါးစားလုမတတ်ငေးကြည့်နေလေသည် ။ ယွင်ရှန့် မှင်သက်အံ့သြကာ ခုမြင်နေရတာက အိမ်မက်လား တကယ်လားဝေခွဲမရသည့်အဆုံး ထိုလူသားရဲ့ပါးလေးအား လက်ဖြင့်ထိတွေ့လိုက်ချိန် ရုတ်တရပ်  သူ့လက်အားဆုပ်ကိုင်ခြင်းခံလိုက်ရသောကြောင့် လန့်ဖြန့်ကာ ရုန်းထလိုက်လေသည် ။

" အားးး "

အော်သံနှင့်အတူ ယွင်ရှန့် သူ့ဘေးက လုဖန်အားရင်ဘက်ကိုတွန်းလိုက်ချိန်တွင် လုဖန်အောက်သို့ ဖင်ထိုင်လျှက်သား ပြုတ်ကျသွားလေတော့သည် ။

" အ့ …… ကျစ် …… လူကိုသရဲများထင်နေလား "

လုဖန်က နာကျင်နေသည့်တင်အား လက်ဖင့်ပွတ်ကာ ကုန်းထနေ၏ ။ ယွင်ရှန့်က လုဖန်ကို ထပ်မံ၍ ခေါင်းအုံးဖြင့်ပစ်ပေါက်လိုက်ရင်း ……

" မင်း …… အသံမပေးဘာမပေးနဲ့ ဘယ်လိုရောက်နေတာလဲ …… နေရာတိုင်းမှာပေါ်လာရအောင် မင်းကမိစ္ဆာလား "

လုဖန်က ဟက်ကနဲရယ်လိုက်ရင်း အိမ်ယာခင်းပေါ်မေးထောက်ကာ ယွင်းရှန့်အားငေးကြည့်ရင်း ……

" ကိုယ်ကအချစ်တစ္ဆေလေ "

" ရှောင်လုဖန် …… စနောက်နေတာတွေရပ်ပြီး အခန်းထဲကနေထွက်သွားတော့ ……ငါမင်းနဲ့မပတ်သပ်ချင်တော့ဘူး ……မင်းဒီလိုတွေလုပ်နေရင် ငါမုန်းမိလိမ့်မယ် "

ယွင်ရှန့် ပြောသာပြောနေပေမဲ့ သူ့ရဲ့အကြည့်တွေက လုဖန်အား ရင်မဆိုင်ပဲတခြားဘက်သို့လှည့်နေ၏ ။ ခုချိန်မှာ ဒီစကားတွေက လုဖန်အတွက်တော့အသုံးမဝင်ပေ ။ သူသေချာပေါက် ယွင်ရှန့်လက်ခံလာအောင်ကြိုးစားမည်မို့ လှည့်ပြန်ဖို့ မြူမှုန်မျှပင်စိတ်ကူးမရှိခြေ ။ လုဖန်က အရှေ့သို့ တိုးသွားကာ ယွင်ရှန့်အနားနားသို့ကပ်ပြီး တိုးတိုးလေးပြောလိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now