Chapter - 71

41.7K 3.4K 131
                                    

Unicode
~~~~~~~

Chapter - 13

ဟေးယောင်အတွက် မနက်စာကိုပြင်နေရင်း ရှင်းတစ်ယောက်အပျော်လွန်နေ၏ ။  ကိုချစ်ရတဲ့သူအတွက် မနက်စာပြင်ပေးရခြင်းထက် ကြည့်နူးမှုရစေသည့်အရာမရှိ ။  အချစ်တွေအများကြီးထည့်ပေါင်းကာ ပြင်စင်ထားသည့်မနက်စာဖြစ်၍ သေချာပေါက် ဟေးယောင်သဘောကြလ်ိမ့်မည် ။

ရှင်းက မနက်စာပြင်ပြီးသွားတော့ အိပ်ယာထဲမှာ ကွေးကွေးလေး အိပ်နေဆဲဖြစ်တဲ့ ဟေးယောင်ကိုယ်လေးအား အနောက်မှနေ ဖက်လိုက်ပြီး အဝါရောင်ဆံနွယ်နုနုလေးတွေကို နမ်းရှိုက်လိုက်သည် ။

" ရှင်း "

" ကိုကို …… နိုးလာပြီလား "

ဟေးယောင်က တဖက်သို့လှည့်မည်ပြင်တော့ ညကရှင်းကြမ်းထားခြင်းကြောင့် ခန္ဓာကိုယ်အောက်ပိုင်းက အတော်လေးနာကျင်နေ၏ ။

" အ့ … ရှင်း …… မင်းငါ့ကိုသေအောင်လုပ်ထားတာလား "

" ကိုကိုပဲမရပ်ခိုင်းတာ မဟုတ်ဘူးလား "

ဟေးယောင်က သူ့စကားနဲ့သူမို့ ဘာတစ်ခွန်းမှမပြောတော့ပဲ ရှင်းအားစိုက်ကြည့်နေ၏ ။  ထိုအခါမှရှင်းက ရယ်လိုက်ပြီး ကုတင်ပေါ်က ဟေးယောင်အား ပွေ့ချီလိုက်လေသည် ။

" ကိုကိုက ကျနော့ကို ပွေ့ချီစေချင်တာလား ……နောက်ဆို ကျနော်အရမ်းမကြမ်းတော့ဘူး ……ကိုကိုစိတ်မဆိုးနဲ့တော့နော် ……ကျနော်တို့ တူတူရေချိုးကြမယ် "

ခုချိန်မှာ ဟေးယောင်က ခံစားချက်တွေ ဖွင့်ဟပြီးပြီဖြစ်၍ ရှင်းလုပ်သမျှကို ကြည်ဖြူ စွာလက်ခံလိုက်သည် ။ ရေချိုးခန်းထဲမှာ ၂ ယောက် တူတူ ရေချိုးပြီးနောက် ဟေးယောင်ရဲ့နာကျင်မှုတွေက ထက်ဝက်ခန့်ပျောက်သွားခြေပြီ ။  ရှင်းက ပြင်ထားသည့်မနက်စာကို ခူးခပ်ပြီး ဟေးယောင်အား ထိုင်ခုံပေါ်ထိုင်စေကာ မနက်စာကို စားစေလိုက်သည် ။ သူကတော့ မနက်စာကို စားသုံးနေသည့် ဟေးယောင်အား အကြည့်မခွာနိုင်ပဲ စိုက်ကြည့်နေလေတော့သည် ။

" မနက်စာ မစားဘူးလား ရှင်း "

" ကိုကိုစားပါ …… ကျနော်စားနေရင် ကိုကို့မျက်နှာကိုကြည့်မရမှာစိုးလို့ "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now