Chapter - 121

27.2K 2.1K 181
                                    

Unicode
~~~~~~~


မှုန်ဝါးဝါးအမြင်အာရုံတွေက သူမရဲ့ အိမ်မက်ကမ္ဘာထဲ၌ လွင့်ပျံနေ၏ ။ အသားဖွေးဖွေးလေးနှင့် ပြည့်ပြည့်ဖောင်းဖောင်း ချစ်စရာရင်သွေးလေးကို သူမရင်ခွင်ထက်၌ ပွေ့ဖက်ထားလေသည် ။ သို့ပေမဲ့ သူမရဲ့နဘေးမှာတော့ တစ်စုံတစ်ယောက်မှရှိမနေခဲ့ပေ ။ သနားစရာသားလေးရဲ့အကြည့်တွေက သူမနှလုံးသားကို နာကျင်သွားစေသည် ။ သူမလုံးဝကိုအထီးကျန်ဆန်နေပြီး တစ်ယောက်မှ သူမဘက်မှာရှိမနေတော့သလို ခံစားလာရသည် ။  ပြီးနောက် သူမလက်ထဲကရင်သွေးလေးဟာ စကားပြောနိုင်သည့် အရွယ်ရောက်သွားလေ၏ ။

" မေမေ ... ဖေဖေကဘယ်သူလဲဟင် "

သူမရင်တခုလုံး တုန်လှုပ်သွားမိသည် ။ အကူအညီမဲ့နေသည့် မျက်လုံးလေးနဲ့ကြည့်နေသည့် သားငယ်လေးရဲ့အမူအယာက ပျော်ရွှင်မှု မြူမှုန်ခန့်မျှရှိမနေခြေ ။

" မေမေလိမ်တယ် ...... သားဖေဖေက လူဆိုးကြီးတဲ့ ...... အဟင့် "

ငိုရှိုက်သံလေးနဲ့ သားလေးရဲ့အမူအယာတွေက သူမရင်အား အစိမ်းလိုက်ခွဲလိုက်သလိုပင် ။ ပြီးနောက် သူမအိပ်ယာမှ နိုးထလာခဲ့သည် ။ သူမပါးပြင်ပေါ်၌ မျက်ရည်များစီးကျနေပြီး ပူဖောင်းနေတဲ့ ဝမ်းဗိုက်လေးကို အသာအယာပွတ်နေမိသည် ။

" သားရယ် "

ဒီနေ့ သူမဆေးရုံသို့ကိုယ်ဝန်ပြရင်း စစ်ဆေးခဲ့ရာ သူမရင်သွေးလေးက သားလေးမှန်း သိရှိခဲ့ရသည် ။ တစ်ဆက်ထည်း ထိုသားလေးက သူမလုပ်ရပ်တွေ မှားယွင်းနေကြောင်း ထောက်ပြလိုက်လေသည် ။

* ငါရွေးချယ်တဲ့လမ်းက ငါ့သားလေးအတွက် မပျော်ရွှင်နိုင်ဘူးပဲ ... ငါ့ရဲ့လိမ်ညာမှုတွေ ပေါ်သွားခဲ့ရင် အားလုံးက စွန့်ပြစ်သွားကြမှာလား ... ငါနဲ့သားလေးကိုလေ *

သူမ ဗိုက်လေးကိုပွတ်သပ်ကာ အကူအညီမဲ့စွာ ငိုကြွေးနေမိသည် ။ ပြီးနောက် သူမအိပ်ယာပေါ်ကနေထကာ အခန်းအပြင်သို့ထွက်လာခဲ့သည် ။ ခုချိန်ဆို လုဖန် စားဖိုဆောင်မှာ အလုပ်ရှုတ်နေလိမ့်မည်ဖြစ်၍ သူမအပေါ်ထပ်သို့တက်လာခဲ့လိုက်သည် ။ လုဖန်က ယွင်ရှန့်ကို ဖမ်းချုပ်မထားတော့ဘူးဟု ကတိပြုကာ ယခင်ကလို တင်းကြပ်မထားတော့ပေ ။ အခန်းအပြင်ထွက်ခွင့်ပေးပြီး အိမ်တော်ရဲ့ အောက်ထပ်ကလွဲပြီး အပေါ်ထပ် ကြိုက်တဲ့နေရာကို သွားလာခွင့်ပေးထားခဲ့သည် ။ သူမအခန်းထဲဝင်ကြည့်ပေမဲ့ ဘယ်သူမှရှိမနေသောကြောင့် ခေါင်မိုးထပ်သို့ တက်လာခဲ့လိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now