Chapter - 12

78.8K 3.6K 505
                                    

Unicode
~~~~~~~

ဆူညံနေတဲ့ ကလပ်တစ်ခုတွင် ရောင်စုံမီးများရဲ့အောက် သံစဉ်တွေနဲ့အတူ ကခုန်နေကြသူများကတော့ အထက်တန်းစား လူကုန်ထံအသိုင်းအဝိုင်းရဲ့ မျိုးဆက်များဖြစ်ကြသည် ။

ထိုကလပ်ရဲ့ပိုင်ရှင်ဟာ တခြားသူမဟုတ် ဟေးယောင်ဖြစ်၏ ။ ဒီနေ့ဟာ လုဖန်ရဲ့သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပါတီဖြစ်သောကြောင့် ဘားတစ်ခုလုံးကို အပြတ်ငှားထားခြင်းဖြစ်သည် ။

အနီရောင်ပြိုင်ကားပေါ်ကနေ ဆင်းလာသည့် လူငယ်လေးဟာ စတိုင်ကျကျဝတ်ဆင်ထားပြီး နေကာမျက်မှန်အနက်ရောင်ကို တပ်ထားသည့် သူ့ပုံစံဟာ မြင်သူတိုင်း အကြည့်မလွှဲနိုင်လောက်အောင် ဆွဲဆောင်ထားသည် ။

ဒီနေ့ ကလပ်မှာရှိနေတဲ့ မိန်မပျိုတွေ တော်ယုံမမြင်တွေ့နိုင်တဲ့ လူတစ်ယောက်ကို မြင်လိုက်ရတော့ အကြည့်တွေက ထိုလူပေါ်ကနေ မလွှဲနိုင်ဖြစ်နေကြသည် ။ သူ့ရဲ့ခြေလှမ်းတွေက ကလပ်အတွင်းသို့ ဦးတည်ပြီး ဝင်လာတဲ့အခါမှာ ကခုန်နေတဲ့သူတွေနဲ့အတူ သံစဉ်တွေပါ ရပ်တန့်သွားပြီး ထိုလူငယ်လေးက အားလုံးရဲ့အကြည့်တွေကို သိမ်းပိုက်လိုက်သည် ။ တချို့မိန်းမပျိုလေးများက မယုံကြည်နိုင်စွာဖြင့် အချင်းချင်း ပြောဆိုနေကြပြန်သည် ။

" ဟဲ့ …… အဲ့ဒါ ရှောင်လုဖန်မဟုတ်လား …… အပြင်မှာ အရမ်းချောတာပဲ  "

" ဒီနေ့ အရမ်းကံကောင်းတာပဲ ……သူ့ကို ဒီလိုနေရာမှာ တွေ့ရမယ်လို့ထင်မထားဘူး "

" ကြည့်ပါအုံး သူရဲ့အရပ်က အရှည်ကြီးပဲ ……ငါ့အရပ်နဲ့ဆို သူ့ရင်ခွင်ထဲ အသာလေးထိုးဝင်လိုက်လို့ရတယ် ……အရမ်းနွေးမှာပဲ ……တွေးရင်းနဲ့တောင် ရင်တွေခုန်လာပြီ "

" တန်ရာတန်ရာမှန်ပါဟာ …… ဟိုကသခင်လေးတစ်ယောက်နော် …… မတော်ကြားသွားရင် အမျက်တော်ရှပြီး ငါတို့မိဘတွေ ရှယ်ယာဝင်ထားသမျှ အထုတ်ခံနေရအုံးမယ် "

ဒါကတော့ Normal မိန်းကလေးများဖြစ်ကြပြီး မျက်လုံးက အရောင်တွေတလပ်လပ်ဖြင့် ပြောနေကြခြင်းဖြစ်သည် ။

" သူဘယ်တုန်းကမှာ ကလပ်တွေဆို မလာဖူးဘူး …… ဒီတစ်ခေါက် သူဘာလာလုပ်တာလို့ထင်လဲ ……သူက ကိုရီးယားမှာ နေတာမဟုတ်လား "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now