Chapter - 106

32.6K 3K 170
                                    

Unicode
~~~~~~~

ဒီနေ့ဟာ ပထမနှစ်ဝက်မှာ အမှတ်အများဆုံးရတဲ့ မေဂျာအသီးသီးက ကျောင်းသူကျောင်းသားတွေ A ကျောင်းမှာစုဝေးပြီး ပြိုင်ဆိုင်ရမည့်နေ့ …C ကျောင်းတော်ရဲ့ကိုယ်စား ယွင်ရှန့်က ယှဉ်ပြိုင်ခွင့်ရခဲ့သည် ။

" အတန်းခေါင်ဆောင် ကြိုးစားရမယ်နော် "

" ဒီနှစ် C ကျောင်းက နံပါတ် ၁ ဖြစ်စေရမယ် ……အတန်းခေါင်းဆောင် ဖိုက်တင်း "

အတန်းသူ အတန်းသားတွေရဲ့ အားပေးစကားအပြီးမှာတော့ ယွင်ရှန့် A ကျောင်းတော်ရှိရာသို့ ထွက်လာခဲ့လေသည် ။

" ယွင်လေး ကြိုးစားရမယ်နော် ……ကိုယ်မင်းကို ဒီကနေ စောင့်နေမယ် "

လုဖန်က ယွင်ရှန့်ကိုလိုက်ပို့ရင်း A ကျောင်းတော်ကိုလာခဲ့ပေမဲ့ ထိုသတင်းက A ကျောင်းတော်တခွင် ပွက်လောရိုက်ကုန်၏။

" အဲ့ဒါရှောင်သခင်လေးမှတ်လား "

" ဟုတ်တယ်ဟဲ့ ……သူ့​ေဘးကတစ်ယောက်က ပန်းပေးခံရတဲ့တစ်ယောက်လားမသိဘူးနော် ……ချစ်စရာလေး "

" 2 ယောက်လုံး အချောတွေကြီးပဲ ……ကြွေချင်စရာလေးဟယ် "

" တိတ်စမ်း … သူတို့ကအတွဲတွေလားမသိဘူး ……သွားကြည့်ရအောင် "

ရှောင်သခင်လေးကို အပြင်မှာမြင်ဖူးချင်၍ သူတို့အနား ဝန်ရံလာသူများပြားလာခြင်းကြောင့် ယွင်ရှန့် လုဖန်လက်ကိုဆွဲကာ ကားပေါ်သို့ ပြန်တတ်လိုက်သည် ။

" ဘာဖြစ်တာလဲယွင်လေး ……ကျောင်းထဲကိုဝင်ရမယ်လေ "

" မင်းမမြင်ဘူးလား ……ဒီလောက်လူတွေများလာတာ "

" စိတ်မပူပါနဲ့ … ကိုယ်လမ်းရှင်းပေးမယ် "

" ကျစ် … သူတို့ကငါ့ကိုကြည့်ချင်တာမဟုတ်ဘူး ……မင်းကိုကြည့်ချင်နေတာ ……အဲ့ဒိတော့ ခုငါအောက်ဆင်းမယ် ……ငါကျောင်းထဲကိုရောက်တာနဲ့ မင်းချက်ချင်းပြန်လိုက်တော့နော် "

" ဟားဟား … ဒါလေးက ကိုယ့်ကိုသဝင်တိုနေတာတဲ့လား ……ချစ်ဖို့ကောင်းလိုက်တာ "

" ရှောင်လုဖန် မင်းစနေတာတွေ ရပ်လိုက်တော့ ……ငါ့ပြန်လာခါနီးရင်ဖုန်းဆက်လိုက်မယ် … Ok "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now