Chapter - 16

78.5K 4.1K 569
                                    

Unicode
~~~~~~~

ယနေ့ ကောင်းကင်ကြီးက ကြည်လင်နေ၏ ။ တိမ်ရိပ်များကင်းစင်ပြီး ပြတင်းပေါက်မှ နေရောင်ဟာ ကုတင်ပေါ်တွင် အိပ်ပျော်နေသည့် လူ ၂ ယောက်အပေါ်သို့ ဖြာကြနေလေသည် ။ ယနေ့နံနက်ခင်း၏ နေရောင်ကြောင့် ယွင်ရှန့် အိပ်ယာမှ နိုးလာခဲ့သည် ။

သူ့ရဲ့အာရုံတွေကို ကြည့်လင်အောင်လုပ်လိုက်ပြီး ဟနေသည့်ပြတင်းပေါက်ကို ဆွဲပိတ်လိုက်သည့်အခါ အနောက်မှ အရာတစ်ခု၏ ဆွဲထားခြင်းကို ခံထားရသောကြောင့် ယွင်ရှန့် အနောက်သို့ ခေါင်းကိုစောင်းငဲ့၍ ကြည့်လိုက်ရာတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် လုဖန်ကို တွေ့လိုက်ရလေသည် ။လုဖန်၏ လက်တစ်ဖက်က သူ့ရဲ့ခါးမှာ ချိတ်လျှက်ရှိနေ၏ ။

ရုတ်တရပ်မို့ ယွင်ရှန့်လန့်သွားပြီး လက်ကိုဖယ်ကာ အနောက်သို့ ဆုပ်ခွာမိလိုက်သည် ။ သေခြာပြန်စဉ်းစားတော့မှ ညက လုဖန်ကို ကုတင်ပေါ်အထိ ပြုစုပေးနေရင်း ၂ ယောက်သား အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည် ။ ယခင်နေ့တွေက ယွင်ရှန့်အိပ်ယာနိုးလာတိုင်း ဘေးတွင်အေးဆက်နေသည့် အိပ်ယာခင်တစ်ခုသာ ရှိနေမြဲ ။ လုဖန် ဘယ်ကိုသွားပြီး အိပ်လဲဆိုတာကို ယွင်ရှန့်မသိဘူး ။

ဒီနေ့ သူနိုးထလာခဲ့သည့်မနက်ခင်းမှာ လုဖန်ရဲ့မျက်နှာကိုမြင်လိုက်ရတော့ အနည်းငယ် နွေးထွေးသွားသလို ခံစားရပေမဲ့ ရုတ်တရပ် ညက အကြောင်းအရာကို စဉ်းစားမိပြီး ရှက်မိပြန်သည် ။
ညကဆိုမှ မနေ့ညက သူတို့ စျေးကို 1 သန်း ထိသဘောတူပြီး ညည့်နက်သည်ထိ ယွင်ရှန့်က လုဖန်ကို ပြုစုပေးခဲ့သည် ။

ထိုအကြောင်းအရာကိုစဉ်းစားမိတော့ မူးနေတဲ့လူတစ်ယောက်က ကတိမှတည်ပါ့မလား ထိုငွေအများကြီးကို လှည့်စားပြီး မပေးပဲနေရင်ဆိုသောအတွေးများဝင်လာပြီး ယွင်ရှန့်ကုတင်ပေါ်မှအမြန်ဆင်းကာ ဖုန်းကိုယူလိုက်ပြီး သူ့ရဲ့ ဘဏ်အကောင့်ထဲဝင်ပြီး ငွေစစ်ကြည့်လိုက်သည် ။

" 1 သန်း …… ဟူး "

ထိုငွေပမာဏကိုမြင်တော့မှ ယွင်ရှန့်သက်ပြင်းချလိုက်ပြီး ကုတင်ပေါ်မှာ အိပ်ပျော်နေဆဲဖြစ်သည့် လုဖန်အား ကြည့်လိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now