Chapter - 114

25.3K 2.4K 88
                                    

Unicode
~~~~~~~

Chapter - 56

ပင်လယ်လေအေးအေးလေးတွေက အခန်းလိုက်ကာမှတဆင့် အခန်းတွင်း ဝင်ရောက်လာကာ အိပ်စက်နေကြသူများအား နံနက်ခင်း Morning ဟု မိတ်ဆက်နေကြသရောင် ……  လှပသည့် နေချည်နုနုလေးတွေက နံနက်ခင်းအလှကို ပိုမိုပေါ်လွင်စေရန် ဖော်ကြူးထားသည့် ပန်းချီကားချပ်၏ စုတ်ချက်များပမာပင် ……

ခရီးသွားအဖွဲ့များအားလုံး ဤနံနက်ခင်း၌ လန်းဆန်းတက်ကြွနေကြပြီး ပင်လယ်၏အလှကို အပြည့်အဝခံစားရန် စိတ်အားထက်သန်နေကြသည် ။ ပထမဆုံးရက်တွင်ပင် ကမ်းခြေမှာပဲ အပျော်သင်္ဘောစီးရန် သဘောတူညီမှုယူကြပေမဲ့ လူမညီဖြစ်နေ၏ ။ တချို့က ပင်လယ်ရက်ရှည်ခရီးကို မစောင့်နိုင်ပဲ ယခုချက်ချင်းထွက်ချင်နေကြသည် ။လုဖန်ကတော့ ထိုရွေးချယ်မှုအား ငြင်းဆန်နေ၏ ။

" ငါမလိုက်နိုင်ဘူး ……မင်းတို့ပဲသွားကြ "

" ဒါပေမဲ့ ရှောင်သခင်လေးမပါရင် ဘယ်ပျော်ဖို့ ကောင်းတော့မှာလဲ ……လိုက်ခဲ့ပါ နော် … နော် … နော် "

ပါလာသည့် ကျောင်းသူလေးများက လုဖန်လိုက်ပါလာစေရန် စိတ်အားထက်တန်စွာ တောင်းဆိုနေကြသည် ။  ယွင်ရှန့်ကတော့ အတင်းတောင်းဆိုမှုမျိုးမပြုပေမဲ့ သူ့ရဲ့မျက်ဝန်းတွေက လုဖန်လိုက်ပါစေရန် ပြောနေသည်မှာ သိသာလှသည် ။ ဒီရက်တွေမှာ ယွင်ရှန့်နဲ့ လုဖန် ချစ်သူတွေဖြစ်သွားကြပေမဲ့ အားလုံးရဲ့အရှေ့မှာ တရားဝင် ထုတ်ဖော်ခြင်းမျိုး မရှိသေးဘူး ။ မလိုအပ်သော​ပြဿနာများမဖြစ်စေရန် ရည်ရွယ်ပြီး အားလုံးအမြင် မိတ်ဆွေသူငယ်ချင်းအဖြစ် ဟန်ဆောင်ကာနေခဲ့ကြသည် ။

ထိုအခြေအနေကို ယွင်ရှန့်ကိုယ်တိုင်က တောင်းဆိုထားခြင်းကြောင့် လုဖန် လူကြားထဲတွင် ယွင်ရှန့်နဲ့ ပူးပူးကပ်ကပ် အရောသဝင်မနေရဲခဲ့ပေ ။ ယခုအခြေအနေမှာလဲ ဆုံးဖြတ်ချက်မချနိုင်သည့်အဆုံး ယွင်ရှန့်ရဲ့အမူအယာကို အကဲခပ်ကြည့်လိုက်သည် ။ ယွင်ရှန့်က လိုက်စေချင်ပုံပေါ်နေ၍ လုဖန် ခေါင်းငြိမ့်လိုက်လေသည် ။

" ကဲ ဒီလိုဆိုရင် ပင်လယ်ရက်ရှည်ခရီးကို ခုပဲသွားကြမယ် "

" ရေး …… 👏👏👏 "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now