Chapter - 91

37K 3.2K 258
                                    


Unicode
~~~~~~~

" ရှောင်လုဖန် "

ထုံးဆန်အတိုင်း အောက်ထပ်ကလှမ်းအော်သည့် ယွင်ရှန့်ရဲ့ စူးရှတဲ့အသံက နံနက်ခင်း ရောက်သည်နှင့် လုဖန်နားစည်ကွဲလုမတပ် ထွက်ပေါ်လာစမြဲပင် ။ကြမ်းပြင်ပေါ်က မွှေ့ယာပေါ်မှာ ပိုးလိုးပက်လက်အိပ်မောကျနေသည့် လုဖန်တစ်ယောက် ဆက်မအိပ်နိုင်တော့ပဲ ကုန်းရုန်းထရလေတော့သည် ။ ထိုစဉ် တံခါးခေါက်သံအဆက်မပြတ် ကြားနေရခြင်းကြောင့် ငှက်သိုက်လိုရှုပ်ထွေးနေသည့်ဆံပင်နဲ့ လုဖန်ဟာ တံခါထံကြိုးစားလျှောက်လှမ်းကာ ဆွဲဖွင့်လိုက်သည် ။

" ကိုယ်လာပြီ "

သို့ပေမဲ့ သူမျှော်မှန်းထားတဲ့သူ ဟုတ်မနေပဲ သူ့အရှေ့မှာရပ်နေတာက သူ့ရဲ့အဖွားဖြစ်သူ လီသခင်မကြီးဖြစ်နေသည် ။ သူမက အခန်းအခြေအနေနဲ့ လုဖန်ပုံစံကိုကြည့်ရင်း မျက်နှာတစ်ခွင်မဲမှောင်သွားကာ လုဖန်လက်ကိုဆွဲပြီး အောက်ထပ်သို့ဆင်းလာခဲ့သည် ။

အောက်ထပ်တွက်တော့ ယွင်ရှန့်နဲ့ နန်းလီကို လူ ၂ ယောက်က ဖမ်းချုပ်ထားပြီး အိမ်မှာ ဦးလေးချန်းလဲရှိမနေတော့ နန်းလီအတော်လေးကြောက်နေရှာသည် ။ ယွင်ရှန့်ကတော့ တည်ငြိမ်နေဆဲပင် ။လီသခင်မကြီးက ယွင်ရှန့်အရှေ့ကိုရောက်တော့ မျက်မှောင်ကြုတ်ကာ အော်ဆူလေတော့သည် ။

" နင်ကများ ရာရာစစ ငါ့မြေးလေးကို ကြမ်းပြင်ပေါ်မှာအိပ်ခိုင်းတယ် …… ဒါငါတို့မျိုးရိုးကို ကိုစော်ကားလိုက်သလိုပဲ ……  ရှောင်လုဖန်ဆိုတာ ဘယ်လိုလူမျိုးလဲမင်းမသိဘူးလား …… ရှောင်အိမ်တော်လိုနေရာမျိုးမှာတောင် ကြမ်းပြင်ပေါ်ဖိနပ်မပါပဲ မသွားတတ်တဲ့ငါ့မြေးကို နင်က ကြမ်းပြင်ပေါ်အိပ်ခိုင်းတာက သူ့ကိုသတ်နေတာနဲ့အတူတူပဲ "

လုဖန်က သူ့ရဲ့အဖွားကို ဝင်တားလိုက်သည် ။

" ကျနော်အဆင်ပြေပါတယ် …… သူခိုင်းတာမဟုတ်ဘူး ကျနော်ကိုယ်တိုင်အိပ်ချင်လို့အိပ်တာ "

" ငါ့ကိုလာမလိမ်နဲ့လုဖန် …… မင်းသူ့ဘက်က ကာပြီးပြောပေးနေတာလား ……ဒီကောင်လေးက မြေးလေးကိုလှည့်စားနေတာ …… သူ့လုပ်ရပ်တွေကိုကြည့် သူရှောင်အိမ်တော်ကို တမင်အငြှိုးထားပြီးတ်ိုက်ခိုက်နေတာ …… မြေးလေးသူ့အပေါ်လုပ်ခဲ့တဲ့အပြစ်ကြွေးတွေကြောင့် သူလက်စားပြန်ချေနေတာ …… အသိဝင်စမ်းပါမြေးလေးရယ် "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now