Chapter - 20

80.1K 3.9K 320
                                    


Unicode
~~~~~~~

အတ္တတွေ ဖုံးလွှမ်းနေတဲ့ အချိန်မျိုးဆို အချစ်တွေက အမြဲ နောက်ဆုတ်ပေးရတတ်သည် ။ လူတစ်ယောက်က အချစ်နဲ့ Sex ကို မခွဲခြားတတ်တာက အဲ့ဒိလူရဲ့ အမှားလို့မဆိုလိုဘူး ။ သူရဲ့သာယာမှုအပေါ် ဝေခွဲ၍မရဖြစ်နေတဲ့ စိတ်ကသာလျှင် အရင်းခံဖြစ်သည် ။

ယခုလဲ ဒီတိုင်းပဲ ။ လုဖန်က သူ့ရဲ့ ပြင်းပြလာတဲ့စိတ်ကို ထိုကောင်းလေးရဲ့ဆွဲဆောင်မှုအားကောင်း၍
ဖြစ်လိမ့်မည်ဟု မှတ်ယူလိုက်ပြီး သူ့ရဲ့နှလုံးသားရဲ့
တောင်းဆိုမှုကိုဖုံးကွယ်ထားခဲ့သည် ။ သူလိုလူမျိုးက ဘဝမှာ သူနဲ့လိုက်ဖက်သည့် ချစ်ရမည့်သူကို ရှာဖွေတွေ့ရှိလိမ့်မည်မဟုတ်ဟု မှတ်ယူထားခြင်းကြောင့် သူယွင်ရှန့်အပေါ်ခံစားရတဲ့ ခံစားချက်ကို Sex တစ်ခုတည်းအတွက်ဟု ထင်ယူခဲ့လေသည် ။

ယွင်ရှန့် လုဖန်နဲ့ အတူဖက်အိပ်ပြီးနောက်နေ့မှာတော့ လုဖန်ဟာ သိသိသာသာပင် ယွင်ရှန့်အား ရှောင်နေခဲ့သည် ။ မြင်ယုံနဲ့ ထိန်းချုပ်ရခက်လာသည့်ပုံမျိုး ဖြစ်ပေါ်နေတာကြောင့် ရှောင်ထွက်သွားတတ်သည် ။ဒါက ဘာနဲ့တူနေလဲဆိုတော ရောဂါရှိနေသည့် လူအနားသို့မကပ်ချင်သလိုမျိုး ။ ဒါမှမဟုတ် သူ့ရဲ့ထိန်းချုပ်ရခက်နေသည့်စိတ်ကြောင့်လဲဖြစ်နိုင်သည် ။

ယွင်ရှန့်ဟာ လုဖန်ပေးခဲ့သည့် ကတိအတိုင်း
သူဦးလေးဆေးရုံက ဆင်းမည့်နေ့မှာ သွားတွေ့ကြမည်ဟု ဆုံးဖြတ်ခဲ့သည် ။  ဒီနေ့နဲ့ဆိုရင် ဦးလေးပတ်တီးဖြေပြီးတာဟာ ၂ ရက်ပြည့်ပြီမို့ မနက်ဖြန် ဆင်းရတော့မည် ။ ယွင်ရှန့် ဝမ်းသာအားရဖြင့် ဦးလေးကို သွားတွေ့ရန်အတွက် အခန်းထဲတွင် အဝတ်အစားများကို ရွေးချယ်နေ၏ ။

ထိုအချိန်တွင် အခန်းတံခါးပွင့်လာပြီး ဝင်လာသူကတော့ လုဖန်ပင် ။ လုဖန်က ပုံမှန်ဆို အေးဆက်မနေရင်တောင် အခေါ်အပြောလေး လုပ်ပြီး တစ်ခါတစ်ရံ သူနဲ့ငြင်းခုန်နေးသေးသည် ။ ခုတော့ဖြင့် ထိုင်ခုံမှာ ထိုင်နေပြီး ယွင်ရှန့်အဝတ်ရွေးနေသည်ကို ကြည့်နေ၏ ။

သူ့မျက်နှာက အေးဆက်နေ၍ ခံစားချက်ကို မမြင်နိုင်သော်လဲ ရိုးသားတဲ့ မျက်ဝန်းတွေက တစ်စုံတရာကို စိတ်ပူပန်နေမှန်း သိသာလှသည် ။ လုဖန် နာရီလက်တံများ တစ်ချက်ချက် ရွေ့လျားနေခြင်းအား စိုက်ကြည့်နေခဲ့သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now