Chapter 77

40.2K 3.1K 356
                                    

Unicode
~~~~~~~

တစ်ယောက်ပုံတစ်ယောက် Wallpaper ထားတဲ့အဖြစ်ကို လုဖန်သိပ်နားမလည်ချေ ။  မိန်းကလေးအများစုက လုဖန်ပုံကို သူတို့ရဲ့ ဖုန်း Wallpaper မှာထားချင်ကြသည် ။  လုဖန်ကိုယ်တိုင်ကလဲ ဓာတ်ပုံရိုက်ရတာ နှစ်သက်သူဖြစ်တော့ သူရဲ့ ဖုန်းထဲမှာက သူ့ပုံကလွဲ၍ ဘယ်သူ့ပုံမှရှိမနေဘူး ။

မှတ်မှတ်ရရ ငယ်စဉ်က ယွန်းဂျယ်နှင့်တွဲရိုက်ထားသည့် ပုံလေးတစ်ပုံကျန်ရှိနေလေသည် ။  လုဖန်က ထိုပုံကိုငေးကြည့်နေရင်း သူ့အာရုံထဲတွင် အိမ်မက်ထဲက အဖြူ စွတ်စွတ် ကောင်ငယ်လေးကို မြင်ရောင်လာပြီး ထိုးကိုက်လာသည့်ခေါင်းကြောင့် ဝေဝါးနေသည့် ဖုန်းမျက်နှာပြင်ပေါ်က ဓာတ်ပုံကိုဖျက်ပြစ်လိုက်သည် ။ ပြီးနောက် ဖုန်းကို အိပ်ယာဘေးသို့ ပြစ်ချကာ ဦးနောက်ကိုအနားပေးလိုက်သည် ။

" ထပ်ပြီးတော့ ..… ဘာကိုသတိရစေချင်တာလဲ "

အာရုံထဲမှာပေါ်လာတတ်တဲ့ထိုလူသားက လုဖန်ရင်ဘက်ရဲ့အနက်ရှိုင်းဆုံးနေရာကို ထိုးအောင့်လာစေသည် ။ အရေးကြီးဆုံး အရာတစ်ခုကိုဆုံးရှုံးထားသည့်နယ် ကြီးမားသောနောင်တများက သူ့ရဲ့မသိစိတ်ထဲမှာ အလိုလိုဖြစ်ပေါ်လာ၏ ။ လုဖန်အိပ်ယာကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ပြီး နာကျင်မှုကိုအန်တုကာ နှုတ်မှတတွတ်တွတ်ရွတ်ဆိုနေမိတာက……

" နောက်ထပ် ဒီလိုနောင်တမျိုးတွေ ထပ်အဖြစ်မခံနိုင်ဘူး …… ယွင်ရှန့်ကို ဒီအဖြစ်နဲ့နည်းသူအဖြစ်မျိုး ထပ်မဖြစ်စေရဘူး …… သူကို ငါပိုင်ရမယ် "

လုဖန်ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချပြီးနောက် ကြိုးစားကာ အိပ်ဆက်လိုက်လေတော့သည် ။ မနက်ရောက်တော့ ထူးထူးဆန်းဆန်းအမြဲနေမြင့်မှ ကျောင်းသွားတတ်သည့်လုဖန်ဟာအိပ်ယာစောစောထနေခြင်းကြောင့် မိုခွန်းတစ်ယောက် အံ့သြ၍မဆုံးဖြစ်နေ၏ ။

" ညီလေး ……အစောကြီးရှိသေးတယ် ……ကျောင်းသွားတော့မှာလား "

လုဖန်က စားပွဲပေါ်တွင်ထိုင်ကာ မနက်စာစားနေရင်းမှ မိုခွန်းရဲ့အမေးကို ပြန်ဖြေလိုက်လေသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now