Extra ( ရှောင်လုဖန် 💕 လင်းယွင်ရှန့် ) ( End )

27.6K 1.5K 100
                                    

#Unicode

" ပါပါး … မာမား "

ခြေလှမ်းလေးယိုင်တိုင်ယိုင်တိုင်နဲ့ အမွှာလေးတွေ ကားပေါ်ကဆင်းလာတဲ့ လုဖန်နဲ့ယွင်ရှန့်ကိုလဲမြင်ရော အပြေးရောက်လာသည် ။

အငယ်လေးယီရှန့်က အကြီးမလေးယွင်းရှီထက်သေးပြီး လုဖန်အနားမရောက်ခင်မှာပဲ ကြမ်းပြင်ပေါ်သို့ပြစ်လဲသွားလေသည် ။

" အူး ဝါး "

မနာကျင်တော်လဲ လန့်သွားကာ အသည်းအသန်ငိုနေရှာတဲ့သားငယ်လေးကို လုဖန်ပွေ့ချီလိုက်သည် ။ ယွင်ရှန့်က ကားထဲက ပစ္စည်းတချို့ကို ယူနေတာမို့ ကလေးတွေအနားမှာမရှိနေပဲ ငိုသံလဲကြားရော လုဖန်နဲ့ကလေးတွေထံ အပြေးရောက်လာ၏ ။

" သားငယ်လေးဘာဖြစ်သွားတာလဲကို "

" စိတ်မပူပါနဲ့ … သားငယ်လေးက ကိုတို့ကိုတွေ့ချင်ပြီးအမြန်ပြေးလာရင်းကနေ ချော်လဲကျသွားတာ …

ဘာထိခိုက်ဒါဏ်ရာမှမရှိဘူး "

ထိုအခါမှယွင်ရှန့်စိတ်ချသွာလေသည် ။ သူ့ရဲ့အရှေ့တည့်တည့်မှာရပ်နေတဲ့ သမီးငယ်လေးကိုမြင်လိုက်ရတော့ ယွင်ရှန့်အမြန်ပွေ့ချီလိုက်သည် ။

" ယွင်းရှီ … မီးငယ်လေးက မာမားနဲ့ပါပါးကိုမလွမ်းဘူးပေါ့ …

မာမားတို့မီးကိုပြန်မခေါ်ပဲ ဖွားဖွားအိမ်မှာ ထားခဲ့ရမှာလား "

အမီးလေးက တည်ငြိမ်လွန်ပြီး ယွင်ရှန့်ကိုယ်ပေါ်လဲရောက်ရော ပခုံကိုတိုင်းဖက်ကာ လွှတ်မပေးတော့ခြေ … ခုနေ ယွင်းရှီမျက်နှာလေး မဲ့နေမယ်ဆိုတာ ယွင်ရှန့်သပ်အပ်သိနေသည် ။

" အဟား ဟုတ်ပါပြီ ဟုတ်ပါပြီ …

သမီးလေးက လွမ်းလွန်းလို့စကားတောမပြောနိုင်တော့ဘူးဟုတ်လား …

မာမားမထားခဲ့ပါဘူး … မီးလေးကိုမထားခဲ့တော့ဘူး လက်လေးလွှတ်ပါအုံး "

လုဖန် သမီးလေးနဲ့အတူ ပျော်နေတဲ့ ယွင်ရှန့်ကိုကြည့်ကာ ကျေနပ်စွာပြုံးနေမိသည် ။

ခုဆိုအမွှာလေး ၃ နှစ်အရွယ်သို့ရောက်ပြီဖြစ်၍ ယွင်ရှန့်နဲ့လုဖန် အလုပ်တွေကို ပုံမှန်အတိုင်း လုပ်ကိုင်နိုင်ခဲ့ပြီ … အရင်နှစ်တွေထက် သူ့တို့အတွက် အားလက်ရက်ပိုရပြီဟုပြောလျှင်ပိုမှန်မည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now